ရန်ကုန်၊ မေ ၂
မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ် ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ မေလ ၁ ရက်နေ့ ညနေတွင် “နှောင်ကြိုးမှတပါးဆုံးရှုံးစရာမရှိ´´ ၊ “အဖိနှိပ်ခံလူတန်းစားအားလုံးပြိုင်တူထကြွရုန်းထွက်ကြ´´ စာသားများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆည်းဆာသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြသည်။
Photo- BEGSC-MYAING



