25 C
Yangon

နေပြည်တော်အနီး ပင်လောင်း-နေပြည်တော်လမ်း၊ လိန်းလီကြိုးတံတားထိပ်တွင် တိုက်ပွဲဖြစ်၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အရပ် သား ၈ ဦးသေဆုံး၊ နေပြည်တော်လာမည့် ကားလမ်းများအားလုံးပိတ်ဆို့ထား

Must read

ရန်ကုန်၊ မေ ၂

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ ပင်လောင်း-နေပြည် တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင် စစ်တပ်နှင့်ဒေသကာကွယ် ရေးတပ်များ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ အရပ်သား ၈ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့ ပေါင်းလောင်း လိန်းလီ ကြိုးတံတားတွင် ဧပြီလ ၃ဝ ရက်နေ့ ည ၁၂နာရီခန့်က အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် သစ်တောစခန်း တစ်ခုကို ကျရောက်ခဲ့ပြီး အရပ်သား ပြည်သူ ၈ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူ ပြည်သူ ၈ဦးသည် ပေါင်းလောင်း လိန်းလီ တံတားအနီးရှိ သစ်တောစခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး သေဆုံးသူ ၈ဦးထဲတွင် ကန်လှ ကျေးရွာသား ၂ဦး ပါဝင်ကြောင်း သိရသည်။

” ပေါင်းလောင်း‌ လိန်းလီ ကြိုးတံတားထိပ်မှာ ပစ်ခတ်မှု ဖြစ်တယ်။ အရပ်သား ၈ဦး အပစ်ခံရတာ စစ်တပ်က ပစ်တာ တစ်နေ့(ဧပြီ ၃၀ )ည ၁၂နာရီလောက်က စပစ်တယ်။ လက်နက်ကြီးမှန်တာ အရပ်သားတွေက သစ်တောစခန်းက အလုပ် သမားပါ။ သစ်တော စခန်းထဲ လက်နက်ကြီးကျည်ကျတာ တံတားက မြို့အပြင်မှာပါ။ အားလုံး ၈ ဦး သေတာပါ။ ၂ဦးက ကန်လှရွာကပါ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပေါင်းလောင်း လိန်းလီ တံတားကို ဖြတ်သန်းသွားလာမှုများကို ပိတ်ပင်ထားပြီး လူငယ်များကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ နေပြည်တော်အဝင် လာမည့် ကားလမ်းများကိုလည်း ပိတ်ဆို့ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article