30 C
Yangon

မင်းတပ်-မတူပီလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ် တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး၊ ၆ ရက်အတွင်း ချင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သား ၂၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂

မတူပီမြို့မှ ပြန်လည်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မင်းတပ်-မတူပီလမ်း တနေရာတွင် ယနေ့ မေလ ၂ ရက် နံနက်ပိုင်း၌ CDF မင်းတပ်က တိုက်ခိကိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရိသည်။

စစ်ကား ၇၇ စီးပါ အဆိုပါစစ်ကောင်စီယာဉ်တန်းကို ယနေ့ နံနက် ၇ နာရီနှင့် ၉ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF မင်းတပ်ထံမှ သိရှိရဿည်။

စစ်သား ၃၀၀ ဦးဝန်းကျင် လိုက်ပါလာသော စစ်ယာဉ်တန်းကို ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက်နေ့တွင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၀ နှင့် မိုင်တိုင် ၆၈ ၌ CDF မင်းတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် မတူပီဗျူဟာမှ ပြန်လည်ထွက်ခွာလာခဲ့သော အဆိုပါ ယာဉ်တန်းကို မတူပီမြို့နယ်အတွင်း၌ CDF မတူပီ က ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့သေးပြီး စစ်သား ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဓါတ်ပုံ – မင်းတပ်-မတူပီ လမ်းတွင်တွေ့ရသော စစ်ယာဉ်တန်း (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article