24.9 C
Yangon

Khit Thit သတင်းဌာန၏ မေ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်က အာဏာသိမ်းထားတာကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုကြာရှည် နိုင်ပြီး ရင်းနှီးမြှပ်နှံသူတွေအတွက် ဆုံးရှုံးနိုင်ချေအမြင့်ဆုံးဖြစ်နေတယ်လို့ ကမ္ဘာဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုးကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ မေလ ၂ ရက်နေ့ ညနေ ၆ နာရီလောက်က ဝင်စီးပြီး သက်ကြီးရွယ်အို၊ ကလေးမိခင် အပါအဝင် ပြည်သူ ၁၀ ဦးကို ပစ်သတ်ကာ လူငယ် ၂ ဦးကို ဓားစာခံဖမ်းဆီးသွားပါတယ်။
– မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာမှာရှိတဲ့ မင်းအောင်လှိုင်သစ္စာခံတပ်တွေ ကင်းပုန်းဝပ် တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို မေလ ၃ ရက် နံနက် ၁၀ နာရီခွဲလောက် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထွက်ပြေးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article