25 C
Yangon

ချောင်းဦး၊ ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နှင့် မေလ ၁ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ ရက်နေ့ နံနက်တွင် ကင်မွန်းတော်ရွာမာ ပျူစောထီးနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းအဖွဲ့ အင်အား ၂၀ ခန့်နှင့် ချောင်းဦး PDF တပ်ခွဲ ၂ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများဘက်မှ ၄ ဦး သေဆုံးကြောင်း သိရှိရသည်။

မေလ ၁ ရက်နေ့ နေ့လယ်တွင် ကျီကုန်းရွာ ဆန်စက်မှ ဆန်အိတ်များကို လုယူပြီး ကင်မွန်းတော်ရွာသို့ ပြန်လာသော စစ်သားများနှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၀ ခန့်ကို ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရသွားကြောင်း ချောင်းဦး PDF ကဆိုသည်။

တိုက်ခိုက်မှု ၂ ကြိမ်တွင် ချောင်းဦး PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article