25 C
Yangon

ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သား ၃ဦးသေဆုံး၊ ဟားခါးတွင်လည်း စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၃ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲ လမ်းပိုင်းရှိ လယ်ငေါက်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပုလဲဖက်မှ လာသည့် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၃ရက်နေ့ ညနေ ၅နာရီခန့်တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းကို ဆရာစံ YMB PDFနှင့် ယင်းမာပင် PDF တပ်ပေါင်းစုများတို့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၃ဝခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာနှင့် ဒေါက်ထက်ကျေးရွာအကြားတွင် ယနေ့ မေလ ၃ရက်၊ ညနေ ၄နာရီ ၃ဝမိနစ်ခန့်တွင် CDF-Hakha နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၃ ဦးသေဆုံးကြောင်း CDF-Hakha တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDF-Hakha တပ်ဖွဲ့က ၄ဝ မမ ဗုံးပစ်လောင်ချာများ၊ စနိုက်ပါ များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၂ရက်နေ့တွင် ဟားခါးမြို့မှ ကလေးမြို့သို့ သံချပ်ကာ ကား ၂စီး၊ စစ်ကား ၂၀ ကျော်ဖြင့် ထွက်ခွာလာသော ယာဉ်တန်းဖြစ်ကာ စစ်သား ၁၀၀ခန့် ပါဝင်ကြောင်း သိရသည်။

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article