25 C
Yangon

စစ်ကောင်စီတပ်နှင့် CDF မင်းတပ် တိုက်ပွဲ စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်သို့ လာရောက်ကြိုးစားနေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ်က လမ်းခရီးတွင် ဖြတ်တိုက်ခိုက်နေရာ စစ်တပ်ဘက်မှ ၅ ဦးယနေ့ သေဆုံးကြောင်း CDFမင်းတပ်က တရားဝင်သတင်းထုတ်ပြန်သည်။

မေလ ၄ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှစ၍ စစ်တပ်နှင့်CDF-Mindat တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ‌ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ခန့်တွင် စစ်တပ် ဘက်မှ ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြကြောင်း၊ CDF-MINDAT တပ်ဖွဲ့၀င်များ လုံခြုံဘေးကင်းစွာပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း‌ သိရှိရသည်။

ယနေ့ည 45 မိုင်တွင် စကစများ ညအိပ်နိုင်ကြောင်း ခန့်မှန်းရပြီး မနက်ဖြန်တွင်လည်း တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း CDF-MINDAT (သတင်းနှင့်ပြန်ကြားရေးဌာန)က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ အကြမ်းဖက်စစ်တပ် ယာဉ်တန်း။

Photo- CDF မင်းတပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article