25 C
Yangon

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာ ရဲစခန်းမှူး ပစ်သတ်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းများပိတ်ကာ ရွာအတွင်း သေနတ်ပစ်ဖောက် စစ်ဆေးနေ

Must read

ရန်ကုန်၊ မေ ၅

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ ရဲစခန်းမှူး ဘိုပိန် (အရပ်အခေါ်) သည် ယနေ့ မေလ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် အမည်မသိသေနတ်သမားက လာရောက် ပစ်သတ်သွားကြောင်း သတင်းရရှိသည်။

“လက်ဖက်ရည်ဆိုင်ထဲမှာ ၆ ချက် ပစ်ခံရတာ၊ သူ့ကို ဘိုပိန်လို့ပဲ ခေါ်ကြတယ်၊ နာမည်အရင်းတော့ မသိဘူး။ သူက ဟိုးအရင်က ဒီမှာ တာဝန်ကျဖူးတယ်၊ အခုတခါက် ပြန်ရောက်လာတာ တနှစ်လောက်ပဲ ရှိဦးမယ်၊ ဘယ်အဖွဲ့က လာပစ်တာလဲတော့ မသိဘူး။ ရဲတွေ စစ်သားတွေ ရောက်နေပြီ၊ လမ်းတွေအကုန် ပိတ်စစ်နေတယ်၊ CCTV တွေလည်း ကြည့်နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စခန်းမှူး ဘိုပိန် ပစ်သတ်ခံရပြီးနောက် ရဲများ၊ စစ်သားများ ဇရပ်ကွင်းကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ စစ်ဆေးနေကြောင်း ရွာအတွင်းရှိ လူငယ် အမျိုးသားများမှာ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

“စစ်သားတွေ ရောက်လာတော့ သေနတ်သံတွေ ဆူညံနေတာပဲ၊ အခုကျတော့ တရွာလုံး တိတ်ဆိတ်နေတာ၊ သရဲခြောက်မှာတောင် ကြောက်ရတယ်။ ရွာက လူငယ်တွေ အမျိုးသားတွေ အကုန်လုံးကတော့ ရှောင်နေရပြီပေါ့၊ မထင်ရင် မထင်သလို အဖမ်းခံရနိုင်တယ်လေ” ဟု ဒေသခံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article