25 C
Yangon

မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်မှုပုံစံသည် ခွဲဝေပေးသည့်အုပ်ချုပ်မှုပုံစံမျိုးနီးပါးဖြစ်၍ မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေး သွားရမည်ဟုဆို၊ တိုင်းရင်းသားလက်နက်ကိုင်များကို နားလည်အောင်ရှင်းပြမည်ဟုဆို

Must read

ရန်ကုန်၊ မေ ၆

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်ရေးပုံစံသည် ခွဲဝေ ပေးတဲ့ အုပ်ချုပ်မှု စနစ်ပုံစံမျိုးနီးပါး လုပ်ဆောင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်သင့်တော်သည့် ဖက်ဒရယ်စနစ်ကိုသာ သွားခြင်းက ပိုကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ကျင်းပသော စစ်ကောင်စီအစည်းအဝေးတွင် ငြိမ်း ချမ်းရေးနှင့်ပတ်သက်၍ ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် ခေါ်ယူခြင်းသည် သေချာနားလည်အောင် ရှင်းလင်းပြရန်ခေါ်ယူခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ ဖြစ်ချင်သည်များကိုလည်း နားထောင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကိုလည်းကောင်း၊ ဆန္ဒနှင့်ဘ၀ ကိုလည်း ပြန်ချင့်ချိန်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အခြေအနေကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒီတော့ ပြန်ကြည့်လို့ရှိရင်လည်း ကျနော်တို့ အုပ်ချုပ်မှုပုံစံသည် ဆင့်ကဲဆင့်ကဲ အုပ်ချုပ်မှု၊ ခွဲဝေပေးတဲ့ အုပ်ချုပ်မှုစနစ်ပုံစံမျိုးနီးပါးပဲ လုပ်တာကို ကျနော်တို့ တွေ့ပါတယ်။ ဒါကြောင့် ကျနော်တို့ က မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှုစနစ်ကို သွားတာ ပိုကောင်းလိမ့်မယ်ဆိုတာကို ဖော်ထုတ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့က ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သေချာနားလည်အောင် ရှင်းလင်းပြပြီးလို့ရှိရင် သူတို့ဘာဖြစ်ချင်တာလဲ၊ ကျနော်တို့က ဘယ်လို ၊ တိုင်းပြည်အခြေအနေ ဒီလိုရှိတယ်၊ ရှင်းလင်းကြမယ်၊ တွေ့ကြမယ်၊ သူတို့ပြောတာ ကျနော်တို့ နားထောင်ပါ့မယ်။ အကုန် လုံး၊ နားထောင်ပြီးရင်လည်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆန္ဒနဲ့ ဘ၀နဲ့ ဒီလိုပြန်ပြီးတော့ ကြည့်ရမယ်။”ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသွားသည်။

နိုင်ငံရေးလေ့သာသုံးသပ်သူတစ်ဦးကမူ လက်ရှိ မင်းအောင်လှိုင်ပြောစကားကို ထောက်ရှုကြည့်လျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ ဆက်သွားရန် တိုင်းရင်းသားလက်နက်ကိုင်များကို ခေါ်ယူတွေ့ဆုံခြင်းဖြစ်သာဖြစ်ပြီး အနည်း ငယ်ပြင်ဆင်ပေးသည်ကလွဲ၍ တိုင်းရင်းသားများလိုချင်သည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ရရန် လုံး၀ မဖြစ်နိုင်ဟု သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article