25 C
Yangon

KNDO နှင့် ပူးပေါင်းလာသည့် DKBA မှ ဗိုလ်စလုံးနှင့် အင်အား ၂၀၀ ကျော်ကို ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကိုယ်တိုင် လက်ခံကြိုဆိုဂုဏ်ပြု

Must read

ရန်ကုန်၊ မေ ၆

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO ထံ ပူးပေါင်းလာသည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်မှ ဗိုလ်စလုံးနှင့် တပ်သား ၂၀၀ ကျော်ကို ယမန်နေ့ မေလ ၅ ရက်နေ့တွင် ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကိုယ်တိုင် လက်ခံကြိုဆို ဂုဏ်ပြုပွဲကို KNDO ထိန်းချုပ်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့သည်။

ဗိုလ်စလုံနှင့် တပ်သား ၂၀၀ ကျော်သည် ဒေသခံပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုသည့်အတွက် KNDO ထံပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်စလုံးက ဧပြီလတွင် KNDO ထံ လာရောက်ပူးပေါင်းစဉ် ပြောဆိုထားသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက ဗိုလ်စလုံးနှင့်အဖွဲ့ကို ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းပေးကာ ဗိုလ်စလုံးကို တပ်ရင်းမှူးအဖြစ် ဦးစီးစေမည်ဖြစ်ကြောင်း သိရှိရသည်။

ဖလူးလေးကျေးရွာအခြေစိုက် DKBA မှ ဗိုလ်စလုံးနှင့် အဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားသော လေးကေ့ကော်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ရှောင်များ၊ PDF များကို ၎င်း၏စခန်းတွင် ခိုလှုံခွင့် ပေးထားခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခံရပြီး ဖလူးလေးကျေးရွာရှိ ၎င်း၏စခန်းကို လက်လွှတ်ခဲ့ရသည်။

KNLA၊ ဗိုလ်စလုံးအဖွဲ့နှင့် PDF များက ဖလူးလေးကျေးရွာစခန်းကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီက ထပ်မံ ထိုးစစ်ဆင်လာမှုများကြောင့် နောက်တကြိမ် လက်လွှတ်ခဲ့ရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO၊ DKBA မှ ခွဲထွက်ထားသော ဗိုလ်စလုံး အဖွဲ့များနှင့် PDF များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

Photo – Karen United Channel

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article