25 C
Yangon

ဝင်းမနားနယ်မြေ ရဲစခန်းကို PDF များ ဝင်ရောက်ရှင်းလင်း မီးရှို့၊ စစ်ကောင်စီတပ်ဖွဲ့က စခန်းစွန့်ခွာ ထွက်ပြေးသွား

Must read

ရန်ကုန်၊ မေ၆

အကြမ်းဖက်စစ်ကောင်စီ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် ကနီမြို့နယ်၊ ဝင်းမနားနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၄ ရက်နေ့တွင် Myanmar Defense Force MDF၊ ကနီ PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်းမနားနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း MDF က သတင်းထုတ်ပြန်သည်။

“နယ်မြေရှင်းလင်းကာ စခန်းတွင်းရှိ ပစ္စည်းများကို ပြည်သူပိုင်အဖြစ် ပြန်လည်သိမ်းဆည်းလိုက်တယ်။ စခန်းမှာ မိုင်းတွေ အများကြီးထောင်ထားလို့ မီးရှို့ပြာချလိုက်တယ်” ဟု MDF က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ဝင်းမနားနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတ်ပဖွဲ့များက ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မင်းကင်း၊ ကနီ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအခြေစိုက် စခန်း ၂ ခုထဲမှ ၁ ခုဖြစ်ကြောင်း၊ နောက်ထပ် စခန်း ၁ ခုကို ရှင်းလင်းပြီးလျှင် ကနီနယ်ကို စိုးမိုးနိုင်တော့မည်ဟု MDF က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article