25 C
Yangon

တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများကို ညွှန်ကြားသည့်နေ့တွင် မဖြစ်မနေ ရွတ်ရန်နှင့် ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို မဝေဖန်ရန်နှင့် နိုင်ငံရေး အကြောင်း မပြောရန် စစ်ကောင်စီ အမိန့်ထုတ်

Must read

ရန်ကုန်၊ မေ ၆

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများ သတ်မှတ်သည့်နေ့တွင် ရွတ်ဖတ် ပူဇော်ကြရန် အမိန့်ထုတ်ပြန် ညွှန်ကြားထားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တပ်တွင်းဓမ္မာရုံများတွင် ပရိတ်၊ ပဋ္ဌာန်းများကို သတ်မှတ်သည့်ရက်များတွင် ရွတ် ဖတ် ပူဇော်သွားရန် စစ်ကောင်စီက အဆင့် ဆင့် ညွှန်ကြားထားကြောင်း၊ မေလ ၁ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တို့တွင် မပျက်မကွက် ရွတ်ဖတ်ပူဇော်ရေး အလေးထားဆောင်ရွက်ရန်၊ ဆောင် ရွက်ပြီးစီးမှု မှတ်တမ်း ဓာတ်ပုံများကို ဆောင်ရွက်သည့်နေ့ နံနက် ၉ နာရီ အရောက် တင်ပြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ရှိ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို ဝေဖန်ခြင်းမပြုရန်နှင့် နိုင်ငံရေးအကြောင်း ဝေဖန်သုံးသပ်ပြောဆိုမှုများ မပြုလုပ်ရန် မေလ ၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

“စစ်တပ်ကို ဝေဖန်တာ၊ နိုင်ငံရေးမှာ လက်ရှိအခြေအနေက မကောင်းဘူး ဆိုတာမျိုးတွေက ဝန်ထမ်းတွေကို CDM ဖြစ်စေအောင် တွန်းအားဖြစ်စေတယ်။ ဒါကြောင့် မပြောရဘူးလို့ အမိန့် ထုတ်လာတာ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဝန်ထမ်းများအနေဖြင့် သွားလာရေး ဂရုစိုက်ပြီး မိမိ၏ လုံခြုံရေးကို မိမိသတိပြုကြရန်၊ လိုင်းခန်းနေစဉ်နှင့် ပြင်ပသို့ သွာလာရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်‌ကြရန်၊ ဌာနအလိုက် အသိပေး ပြောကြားရန်ဟု ညွှန်ကြားလာသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်ရန် စစ်ကောင်စီက ဝန်ကြီးများ အပါအဝင် အရာရှိကြီးများကို အမိန့်ထုတ် ညွှန်ကြားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article