25 C
Yangon

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ၂ ကြိမ် တိုက်ခိုက်၊ စစ်ကား ၂ စီးမီးလောင်ပျက်စီးပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ မေ ၆

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းများကို ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့က မေလ ၄ ရက်နေ့၌ နေရာ ၂ ခုတွင် ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး မီးလောင်ပျက်စီးကာ စစ်သား ၃ ဦးထက်မနည်းသေဆုံးဒဏ်ရာရကြောင်း KNDF က သတင်းထုတ်ပြန်သည်။

မေလ ၄ ရက် နံနက် ၄ နာရီကျော်တွင် ဖရူဆိုမြို့နယ်ဘက်မှ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်ကား ၂ စီး မီးလောင်ပျက်စီးသွားပြီး စစ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း၊ နံနက် ၁၀ နာရီကျော်အထိ KNDF က ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ရာနေရာမှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီးနောက် KNDF က နယ်မြေရှင်းလင်းစဉ် ကျည်အချို့နှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု KNDF က ဆိုသည်။

ယင်းအပြင် မေလ ၄ ရက် နံနက် ၇ နာရီ၌ ဖရူဆိုမြို့၊ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှ ထားလဲကျေးရွာဘက်သို့ ရိက္ခာနှင့် ခဲယမ်းပို့သော စစ်ကောင်စီယာဉ်တန်းကို လောကျေခူကျေးရွာအနီးတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ကာ တိုက်ခိုက်ရာ ၁ နာရီနီးပါးတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း၊ တိုက်ခိုက်မှု ၂ ခုတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒဏ်ရာရသူမှရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article