25 C
Yangon

အကြမ်းဖက်စစ်သားများ မီးတင်ရှို့သော တန့်ဆည်၊ ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်းရွာမှ ရွာသားများကို PDF များက ကယ်ထုတ်ပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက် ညပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၃၃ လုံး မီးလောင်ပြာကျခဲ့ပြီး Myanmar Defense Force တပ်ဖွဲ့ဝင်တွေက ရွာသားများကို ကူညီကာ မီးငြှိမ်းသတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းချိန်တွင် ကျေးရွာသများကို PDF တပ်ဖွဲ့ဝင်များက တစ်ယောက်မကျန် ကယ်ထုတ်ခဲ့ရကြောင်း စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ခွာစစ်ကိုသာပြုလုပ်နိုင်ခဲ့ကြောင်း MDF ပြန်ကြားရေးထံမှ သိရှိရသည်။

‘သာလွန် လက်နက်အင်အား၊ လူအင်အားကြောင့်ရွာခံပြည်သူများကို တစ်ယောက်မကျန် ကယ်ထုတ်ခဲ့ရခြင်းများကြောင့် ကျနော်တို့ MDF – PDF Taze Tigerနှင့် ကျန် ပ.က.ဖ များသည် ခွာစစ်ကိုသာ ဆင်နွှဲခဲ့ကြသည်’ ဟု MDF သတင်းပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ကြောင်ဆင်းအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မေလ ၅ ရက်နေ့တွင် ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများ စားသောက်ကုန်များကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

ကံကလေးကုန်း ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က မေလ ၅ ရက်နေ့ ညပိုင်းတွင် မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ်များ မီးလောင် ပြာကျခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ခဲ့ပြီး ပြည်သူများ စုဆောင်းထားသည့် ဆန်၊ ဆီနှင့် ရိက္ခာ ပစ္စည်းများကို ခြင်းကြားများ ထဲထည့်ကာ ခိုးယူသွားကြောင်း သိရသည်။

ညပိုင်းတွင် ရွာသားများကို ကယ်ထုတ်နေခြင်းကြောင့် မနက်ပိုင်းမှ ရွာသားများနှင့်အတူ မီးငြှိမ်းသတ်ခဲ့ရကြောင်း MDF ထံမှ သိရှိရသည်။

‘မီးငြှိမ်းရင်း မျက်ရည်ဝဲတယ်။ ဒီလောက် စိတ်တွေတင်းထားတဲ့ကြားထဲက ရွာခံပြည်သူတွေရဲ့ ဝမ်းနည်းမှု အပြည့်ပါတဲ့ အော်သံတွေ၊ ကယ်ပါယူပါ ဆုတောင်းသံတွေက ကျနော်တို့ ရင်ထဲကို ဒဲ့ ဝင်တယ်’ ဟု MDF ပြန်ကြားရေး တော်ဝင်နောင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article