25 C
Yangon

ရွှေဘိုမြို့၊ ပလိုင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေးမဟာမိတ်အဖွဲ့များ တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံး၊ နယ်မြေရှင်းလာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက် ၆ ဦး ထိခိုက်ဒဏ်ရာရ၊ pdf ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ မေလ ၇ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကြောင်း C&T ShweBo အဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းနောက် ဆိုင်ကယ် ၄ စီးဖြင့် နယ်မြေရှင်းလင်းရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး တော်လှန်ရေးရဲဘော် ကိုငြိမ်းချမ်းအောင် (ခ) လက်မနှေး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို C&T SHWEBO၊ Snake Eyes PDF၊ People Defense Force Shwebo၊ Alpha 7၊ မဟူရာဇီးကွက်(ဒီပဲယင်း)၊ ပြုံးရွှင်(ဒီပဲယင်း)၊ အရာ‌တော်နောင်ရိုး၊ ဗိုလ်ကျားရိုင်း၊‌ ဒေါင်းမာန်နှင့် မဟာမိတ်ဖြစ်ကြသော နဂါးပျံ သိဒ္ဓိရှင်အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း C&T ShweBo ထံမှ သိရှိရသည်။

ဓါတ်ပုံ – စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကျဆုံးသွားသော ရဲဘော် လက်မနှေးကို မဟာမိတ်တပ်ဖွဲ့ဝင်များ ပြန်လည် ဆွဲထုတ်လာစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article