25 C
Yangon

သန်လျင်တွင် မင်းအောင်လှိုင်စစ်တပ်မှ တပ်ကြပ်ကြီးကျော်ဇောဦးနှင့်လူလူ ကျော်တို့ ၂ ဦးက အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်၊ အမှုမဖွင့်ရန် စစ်တပ်က ဖိအားပေးခြိမ်းခြောက်

Must read

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်း မင်းအောင်လှိုင်စစ်တပ်မှ တပ်ကြပ်ကြီး ကျော်ဇောဦးနှင့် တပ်ကြပ်ကြီး လူလူကျော်တို့ ၂ ဦးက အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ပြီး အမျိုးသမီး၏ မိဘဆွေမျိုးများက မုဒိမ်းကျင့်ခံရမှုကို သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ခွင့်မရကြောင်း ဒေသသတင်းရင်းမြစ် Thanlyin Channel က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သန်လျင်တပ်နယ်မှူးရုံးမှ တပ်ကြပ်ကြီး ကျော်ဇောဦးနှင့် တပ်ထိန်းတပ်မှ တပ်ကြပ်ကြီး လူလူကျော်တို့နှစ်ဦးက မေလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အမျိုးသမီး ၁ ဦးကို (လုံခြုံရေး အမည်ဖော်ပြနိုင်ခြင်းမရှိသေးသူ) ၎င်းတို့ လုံခြုံရေး တာဝန်ကျရာ သင်္ဘောဖျက်စက်ရုံသို့ခေါ်ဆောင်ကာ အတင်းအဓမ္မ မုဒိမ်းပြုကျင့်ကြကြောင်း၊ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်၏ မိဘများကိုလည်း သတင်းမပြန့်စေရန် စစ်တပ်မှ အရာရှိများက ခြိမ်းခြောက် ဖိအားပေးလျက်ရှိကြောင်း၊ မုဒိမ်းပြုကျင့်သူ တပ်ကြပ်ကြီး ၂ ဦးကိုလည်း နယ်ပြောင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကောင်မလေး မိဘတွေကို အမှုမဖွင့်ဖို့ ခြိမ်းခြောက်ထားတယ်။ ဒီလိုချိန်မှာကလည်း အမှုဖွင့်ရင် အမှုဖွင့်တဲ့သူတောင် ဘေးမကင်းဘူးဖြစ်နေတယ်” ဟု ဒေသတင်းရင်းမြစ် Thanlyin Channel က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူများကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေရာတွင် အမျိုးသမီးများကိုလည်း မုဒိမ်းပြုကျင့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ကြောရေးနှင့် စစ်တပ်စစ်ကြောင်း ထိုးရာနေရာများတွင် အမျိုးသမီးများကို မုဒိမ်းပြုကျင့်မှုများရှိနေပြီး စစ်ကြောရေးတစ်ခုတွင် ဖမ်းဆီးခံအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း စစ်တပ်က မုဒိမ်းကျင့်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်၏ စုံစမ်းမေးမြန်းချက်များ အရ သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ်စစ်တပ်နေ့အခမ်းအနားကို ကားဖြင့် လှည့်လည် အလေးပြုခံနေသည့် အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်။

Photo- Aljazeera ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article