25 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ်ပိုင် ရော်ဘာစက်ရုံကို PDFနှင့်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း၊ စစ်သားများထွက်ပြေး တိမ်းရှောင်

Must read

ရန်ကုန်၊ မေ ၈

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ ဘောင်ပင်ကွင်းကျေးရွာရှိ စစ်တပ်ပိုင် ရော် ဘာစက်ရုံကို PDFနှင့်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း၊ စစ်သားများထွက်ပြေး တိမ်းရှောင်သွားကြကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်မတော်TDF က သတင်းထုတ်ပြန်သည်။

စက်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက (ကြည်း)ပိုင် ရာဘာစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂)နှင့် ပူပေါင်းအဖွဲ့တို့ က ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ဝင်ရောက်စီးနင်းရာဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ထိုစက်ရုံကို ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာရှိ ခမရ ၅၆၁ က လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်နှင့် ပူပေါင်းအဖွဲ့တို့မှထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article