25 C
Yangon

ဖရူဆိုတိုက်ပွဲတွင် သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ အဆောင် အယောင် တံဆိပ်များကို KNDF ရဲဘော်၏ ဖိနပ်နှင့် အိမ်သာစီး ဖိနပ်တို့တွင် တပ်ဆင်စီးနင်း

Must read

ရန်ကုန်၊ မေ ၈

ကရင်နီပြည်နယ်၊ ဖရူဆိုတိုက်ပွဲတွင် ယမန်နေ့ မေလ ၇ ရက်နေ့ တိုက်ပွဲတွင် သေဆုံးသွားသော စစ်တပ် ဒုတိယဗိုလ်မှူးကြီး၏ အဆောင်အယောင် တံဆိပ် များကို KNDF ရဲဘော်တစ်ဦးက ၎င်း၏ စစ်သုံးဖိနပ်နှင့် အိမ်သာစီး ဖိနပ်တို့တွင် တပ်ဆင် စီးနင်းအသုံးပြုထားကြောင်း သိရှိရသည်။

“မနေ့ကပွဲမှာ စစ်ခွေးတွေက မိုက်ရင်တက်ခဲ့ လို့အော်တယ်။ မိုက်လို့တက်တယ်ဘာလို့ ထွက်ပြေးကြလဲ။ ပြန်မေးပေးပါ။ သူတို့ကို ပြောချင်တာက မြန်မြန်လက် နက်မချရင် အကုန်ရှင်းခံရမှာပဲ။ လက်နက်မချသရွေ့ အသက်ရှင်ဖို့ နည်းလမ်းနည်းလိမ့်မယ်။ ကျနော်က သေနတ်မပစ်တတ်ခဲ့ဘူး။ အခုဘယ်နည်းပဲရရအကုန်သုံးပြီး တိုက်တတ်နေပြီ။ မကြောက်ရင်လည်း မအလအမိန့်ဆက်နာခံကြပါ။ သေနတ်ချင်းယှဥ်မပစ်ရဲဘဲ နဲ့ကရင်နီနယ်ကိုလာမနင်းနဲ့။ သေနတ်ပစ်ရမယ်လို့ တစ်ခါမှမစဥ်းစားဖူး။ ကျနော်ကရင်နီနယ်သားက ပြောနေတာပါ။ ကျနော်တို့အသိုက် အဝန်းကိုထိပါးတဲ့ ဘယ်အာဏာရှင်မဆို အသေအကြေတိုက်မယ်” ဟု သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏တံဆိပ်ကို စစ်သုံးဖိနပ်တွင် တပ်ဆင် စီးနင်းနေသူ ကရင်နီရဲဘော်က ပြောသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လောကျေခူရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား မေလ ၇ ရက် နံနက်တွင် ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ ရက် နံနက် ၈ နာရီခွဲတွင် ဘော်လခဲမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်ကား ၂၀ စီးပါ ယာဉ်တန်းကို လောကျေခူကျေးရွာအနီးတွင် တိုက်ခိုက်ရာ စစ်ကား ၄ စီး ပျက်စီးကာ အဆိုပါ ကား ၄ စီးပေါ်မှ စစ်သား အားလုံး စုစုပေါင်း ၁၅ ဦးသေဆုံးကြောင်း အဆိုပါ စစ်ကားများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အဆိုပါ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်နီတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၄ က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article