25 C
Yangon

ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို PDF တပ်ဖွဲ့ ခုခံ တိုက်ခိုက်ရင်း ရဲဘော် ၃ ဦး ကျဆုံးပြီး စစ်တပ်ဘက်မှ စနိုက်ပါများ အပါအဝင် ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ကျေးရွာများကို ထိုးစစ်ဆင်ကာ ပြည်သူများ ပိုင်နေအိမ်များက မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စနိုက်ပါများ အပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ကျေးရွာများကို မေလ ၅ ရက်နေ့မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဝက်လက် မြို့နယ် PDF တပ်ရင်း ၂၊ မဟာမိတ် PDF အဖွဲ့များနှင့် မေလ ၆ ရက်နေ့မှ စတင်ကာ ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားပြီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် မကြီးသုံးပင် ကျေးရွာမှ ဝက်လက်မြို့နယ် ထနှောင်းကိုင်းရွာ အရှေ့ဘက် ကျောက်ခွေ တောင်ဘက်သို့ စစ်ကြောင်း ထပ်မံ ထိုးလာသော အကြမ်းဖက် စစ်တပ် အင်အား ၇၀ ဝန်းကျင် ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ညနေ ၃ နာရီ မိနစ် ၂၀ စတင်ကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ စနိုက်ပါ သမားများ အပါအဝင် ၇ ဦးထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ PDF အဖွဲ့ဘက်မှ ဝက်လက် PDF တပ်ရင်း ၂၊ မဟာမိတ် PDF အဖွဲ့များမှ ရဲဘော် ၃ ဦးကျဆုံးခဲ့ကာ ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article