ရန်ကုန်၊ မေ ၁၈
ယနေ့ ရန်ကုန်မြို့ လှိုင်မြို့နယ်တစ်နေရာတွင် ‘ ပိုင်ဖို့မလွယ်တဲ့ လှိုင်မြို့နယ် ‘ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။
လူထုသပိတ်တိုက်ပွဲဝင် သပိတ်ရဲဘော်များ၊CDM သူရဲကောင်းများ၊တောတောင်ထဲမှ PDFသူရဲကောင်းများ၊ထောင်တွင်းမှ ကျောင်းသားပြည်သူများ၊အနီများ၊အစိမ်းများအားလုံးသည် မည်သည့်အရောင်ကာလာကွဲပြားပါစေ ပြည်သူလူထုသာဖြစ်ကြောင်း နှင့် ပြည်သူလူထု၏ အစိုးရသည် အမျိုးသားညီညွှတ်ရေးအစိုးရ၊တော်လှန်ရေးအစိုးရ NUG ဖြစ်ကြောင်း ‘ Accept NUG , Reject military ‘ စာသားများကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါသပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ
– စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)
– အလုံလူငယ်တပ်ဦး (AYF)
– အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)
– စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
(AJAY) တို့မှအားဖြည့်ဝန်းရံခဲ့ကြပြီး အကြမ်းဖက် ဖက်ဆစ်သူပုန်တပ်များ၏ စစ်ဆေးမှုအဖမ်းအဆီးအကျပ်အတည်းများကြားမှ အောင်မြင်စွာ ဖောက်ထွက်ကာ လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
Photo – AAMIJ