28 C
Yangon

မြ၀တီမြို့နယ်၊ လေးကေ့ကော်ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲမှု ၃ ဦးဒဏ်ရာရ၊ ထိုင်းဘက်သို့ စစ်ဘေးရှောင် ၅၀၀ နီးပါး ထွက်ပြေးခိုလှုံရ၊ မြ၀တီမှ စစ်ကား အစီး ၂၀ ဝန်းကျင် တက်သွား

Must read

ရန်ကုန်၊ မေ ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏သေ့ဘောဘိုး စခန်းကို စစ်တပ်က ဆုံးရှုံး လက် လွှတ် လိုက်ရပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် လေးကေ့ကော်ကို လေယာဉ်များဖြင့် လာရောက် ဗုံးကျဲရာ ပြည်သူ့ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးစိုးရိမ်ရကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

“မြဝတီလေးကေ့ကော်မှာ ဒီမနက် ၂ နာရီ မှာ တစ်ခါ ၊ ၂ နာရီ ၂၈ မိနစ်မှာ ဒုတိယအကြိမ် နှစ်ခါလေယဥ်နဲ့ ဗုံး လာကျဲသွားပါတယ်။ ပထမတစ်ခါက ဗုံးကျဲတော့ မြ၀တီဘက်က မြေတွေပါတုန်တယ်။ မနေ့ည ၉ နာရီလောက်တုန်းကလည်း မြဝတီဘက်ကနေ လေကေ့ကော်ဘက်ကိုစစ်အင်အားကားအစီးရေ ၂၀ လောက်တက်သွားပါတယ်” ဟု မြ၀တီဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

PDF သတင်းရင်းမြစ်ကမူ စစ်လေယာဉ်ဖြင့် လေးကေ့ကော် ကော်ဘရာစခန်းကို စစ်တပ်က ဗုံးလာကျဲပြီး ပြည်သူ့ဘက်တော်သား ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ၁ ဦးစိုးရိမ်ရကြောင်း ပြောဆိုသည်။

ယမန်နေ့ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာဘက်ခြမ်းမှ စစ်ဘေးရှောင်‌ပြည်သူ ၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ရပြီး ထိုင်းဘက်က လက်ခံထားရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article