ရန်ကုန်၊ မေ ၁၉
ရန်ကုန်သန်လျင် ဗိုလ်နဂါးပျောက်ကျားအဖွဲ့ တာဝန်ခံ ကိုဘူးသီးနှင့် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။
မေလ ၁၈ ရက်နေ့ ညပိုင်းတွင် သန်လျင် ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ကိုဘူးသီးကို လှိုင်သာယာတွင် စစ်တပ်၏ ဧည့်စာရင်း စစ်မှုအတွင်း အဖမ်းခံလိုက်ရကြောင်း၊ ယခင်တစ်ပတ်ကတည်းက ကိုဘူးသီး၏ ဇနီးနှင့် ယောက္ခမဖြစ်သူကို စစ်တပ်က ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သန်လျင် ဗိုလ်နဂါးအဖွဲ့တာဝန်ခံ ကိုဘူးသီး အဖမ်းခံလိုက်ရပြီးနောက် ယနေ့ညပိုင်းတွင် အဖွဲ့ဝင် ၄ ဦးကို လက်နက်များနှင့်တကွ ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
“သန်လျင်ဗိုလ်နဂါးအဖွဲ့တာဝန်ခံကိုဘူးသီးကို လှိုင်သာယာမှာ အဖမ်းခံလိုက်ရတယ်။ နောက်ထပ်၄ ဦးကို ထပ်မံဖမ်းတယ်။ အမူထမ်းနယ်မြေ ၁၀ သမာဓိလမ်းမှာ ဖမ်းတာ။ အမှုထမ်းနယ်မြေမှာ လက်ပစ်ဗုံး ၉ လုံး ပစ္စတို ၃ လက် ကျည်အတောင့် ၉၆ တောင့် သိမ်းဆည်းသွားတယ်။ အဆက်အစပ်ရှိတဲ့သူတွေအနေနဲ့တော့ သတိထားဖို့ သတိပေး အသိပေး ချင်ပါတယ်” ဟု သန်လျင်သတင်းရင်းမြစ်က ပြောဆိုသည်။