28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၀ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက် သိမ်းပိုက်တဲ့အချိန် ခလရ ၃၂ က ဒု-တပ်ရင်းမှူး ဗိုလ်မှူး အောင်ငြိမ်းချမ်း နဲ့ ဗိုလ် ဟန်ဝင်းထွန်းဆိုသူတို့ဟာ သေဆုံးသွားသူတွေထဲမှာ ပါဝင်ခဲ့တယ်လို့ KNLA ရှေ့တန်း တပ်ဖွဲ့ဝင် တွေဆီကနေ သိရပါတယ်။
– မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ညောင်ဦးမြို့နယ်၊ အောက်ညဉ့်- ရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းရွှေ ဦးဆောင်ပြီး ၊ နေအိမ်မှာ ပျူစောထီး ၈ ဦးက သွေးသောက်အဖွဲ့ ဖွဲ့ဖို့ ညှိနှိုင်းဆွေးနွေးနေတဲ့အချိန် ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက် ပစ်ခတ်ရာမှာ ပျူစောထီး ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
လူမိုက်ဂိုဏ်းဆန်ဆန် မုဒိမ်းမှု၊ လူသတ်မှု၊ ပစ္စည်းလုမှု၊ မီးရှို့မှုတွေကို ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ယုံကြည်စရာ တစ်စက်မှကို မရှိတော့အတွက် တက်ညီလက်ညီနဲ့ မြန်မာ့မြေပါ် ကနေ အပြတ်မောင်းထုတ်ကြဖို့ ဗိုလ်နဂါးက တိုက်တွန်းပြောဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article