24 C
Yangon

မြောင်မြို့မရဲစခန်း၊ မြို့နယ်မှူး နေအိမ်နှင့် မီးသတ်ရုံးကို အီနာဂါဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရဲစခန်းအတွင်းရှိ မြို့နယ်မှူး နေအိမ်နှင့် မီးသတ်ရုံးကို မေလ ၂၁ ရက်နေ့က ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက အီနာဂါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ CDSOM ထံမှ သိရသည်။

မြောင်မြို့နယ် ရဲစခန်းဝင်းအတွင်းရှိ မြို့နယ်မှူး နေအိမ်သည် ဘန်ကာ အထပ်ထပ်ကာရံထားပြီး ကင်းတဲအတွင်းသို့ အီနာဂါဖြင့် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မြောင်မြို့နယ် မီးသတ်ဌာနကိုလည်း အီနာဂါဖြင့် ပစ်ခတ်ခဲ့ပြီး မီးသတ်ကား တစ်စီးပျက်စီးကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ မီးသတ်ရုံးအတွင်းသို့ လူနာတင်ကားများ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ မီးသတ်ဌာနကို တိုက်ခိုက်ရခြင်းသည် မြောင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေသည့်ကို သိရှိသော်လည်း ပြည်သူ့အသက်အိုးအိမ် ပစ္စည်းများကို ကာကွယ်ရမည်ဟု ဆိုသော မီးသတ် ဦးစီးဌာန၏ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်နှင့် အလိုတူ အလိုပါ ဖြစ်သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM အရှေ့ မြောက်ပိုင်းတိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ ကိုမင်းယက္ခ၊ ကိုဆင်ရိုင်း၊ ကိုမင်းဒေဝါတို့ ဦးဆောင် မှုဖြင့် CDSOM မြောက်ပိုင်း တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးအဖွဲ့ ကိုနတ်မြင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁)၊ (၂) တပ်ခွဲ – ၃ ပြည်သူ့တပ်မတော် (မြောင်) – Myaung Union Army၊ ကန္တာရသိမ်းငှက်၊ Young Fighter People’s Defense Force Of Myaung၊ Black Eagle Defense Force နှင့် Myinmu Civil Revolution Force – CRF တို့က ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အီနီဂါဗုံးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော မြောင်မြို့နယ်မှ မီးသတ်ကား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article