31 C
Yangon

ပခုက္ကူ တန့်ကြည့်တောင်နှင့် ပခုက္ကူ-မြိုင် နယ်စပ်ရှိ ကျေးရွာများကို ထိုးစစ် ဆင်နေသော စစ်တပ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၂

မကွေးတိုင်း ပခုက္ကူခရိုင် ဧရာဝတီမြစ် အနောက်ဘက်ရှိ တန့်ကြည့်တောင်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် အင်အား ၇ဝ ပါ စစ်ကြောင်း ကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MC-KC DF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MC-KC DF)နှင့် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (NSP) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ဝ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၁ ဦးလည်း ဒဏ်ရာ ရရှိ ခဲ့ကြောင်း MC-KC DF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ပခုက္ကူမြို့နယ် မြောက်ပိုင်းနှင့်မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မေလ ၂၂ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့ (မြိုင်)ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးလက် ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့(PUGF)၊ နံ့သာမြိုင် တပ်ဖွဲ့၊ တမာမြေ ပြောက်ကျားတပ်ဖွဲ့ ၊ Urban Underground Revolution Force (UURF_YSO)၊ King Cobra၊ PPDF (PKU) နှင့် မဟာမိတ်တပ်ဖွဲ့များ စုပေါင်းကာ လက်နက်ကြီးများ၊ Auto Gun များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသောကြောင့် အင်ပင်ကျေးရွာတွင်းသို့ ဖြတ်သန်းသွားလာမည့် ပြည်သူများ အနေဖြင့် သတိပြုသွားတာကြရန် ကျေးလက်ဒေ သပြောက်ကျား တပ်ဖွဲ့(မြိုင်)က ထုတ်ပြန် ထားသည်။

Photo – Myaing Rural Guerilla Force တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article