By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-NUCC မှာ NLD ပါတီ မပါဝင်တော့ဘဲ နုတ်ထွက်သွားပြီဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်နဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က သတိပေးပါတယ်။
– ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဗိုလ်ကြီးမျိုးကိုကိုက ဆေးကြောင်ပြီး အငြိမ်းစားဗိုလ်ကြီးသော်တာလင်းကို ပစ်သတ်ခဲ့တယ်လို့ ရဲဘက်ကပေါက်ကြားလာတဲ့ကြေးနန်းစာအရ သိရပါတယ်။
– စစ်ကိုင်းတိုင်း မင်းကင်းနဲ့တန့်ဆည်မြို့နယ်အစပ်မှာရှိတဲ့ တဲကြီးရွာကို အကြမ်းဖက်စစ်တပ်က မေလ ၂ဝ ရက်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။
-ဒီးမော့ဆိုမြို့နယ်မှာ မေလ ၂၁ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။