ရန်ကုန်၊ မေ ၂၅
မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှလူငယ်များ ဦးဆောင်ကာ သမဂ္ဂဖွဲ့စည်း တည်ထောင်ခြင်းတစ်နှစ်ပြည့်နေ့ အဖြစ် “ကျောင်းသားပြည်သူ လက်တွဲကူ တော်လှန်ရေးကို အောင်ပွဲထူ” စာတန်း ကိုင်စွဲပြီး သွေးသစ္စာသီချင်းသီဆိုကာ မုံရွာမြို့၏ စျေးတစ်ခုတွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။