ရန်ကုန်၊ မေ ၂၆
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး ယနေ့ မေလ ၂၆ ရက် နံနက်၌ အမျိုးသမီးများနှင့် လူငယ်များက “ပြာပုံကနေ ပြည်သစ်တည်၊ အတူရုန်းကန် ဖေးမမည်” ဘန်နာကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြကြသည်။
အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင် မီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများကို ဝိုင်းဝန်းကူညီပေးကြရန် လှုံ့ဆော်ခဲ့ကြကြောင်း သိရှိရသည်။



