27 C
Yangon

ရေဦးတွင် စနိုက်ပါဖြင့် ပစ်ခတ်၍ ပျူစောထီး ၂ ဦးသေဆုံး၊ ယင်းမာပင်တွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သားထိခိုက်ဒဏ်ရာရရှိမှု များ၊ တနင်္သာရီ တွင်လည်း စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပုဏ္ဏကားရွာကို ရောက်ရှိလာသော အရပ်ဝတ် လက် နက်ကိုင် ပျူစောထီး ၄ ဦးကို မြောက်ပိုင်း အခြေစိုက် ပကဖ အဖွဲ့ဝင် များက ယနေ့ မေလ ၂၆ ရက်နေ့တွင် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီး ၂ ဦး သေဆုံးကာ ၂ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်အား ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ဒရုန်းများ ဗုံးကျဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း ယင်းမာပင် LPDF တပ် ဖွဲ့ထံမှ သိရသည်။

မေလ ၁၂ ရက်နေ့တွင် သီးကုန်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာရမှုများပြားခဲ့ပြီး ဒရုန်း ၁ စီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့တွင် မိုင်းကောင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြားခဲ့ကာ ဒရုန်း ၁ စီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂၄ ရက်နေ့တွင် ရွှေတောင်ဦးကုန်းထိပ်တွင် စစ်တပ် ထောက်ပို့ စစ် ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဒရုန်း ၁ စီး လေဆာထိမှန် ပျက်စီးခဲ့ကာကြောင်း သိရသည်။

မေလ ၂၅ ရက်နေ့တွင် အောင်ချမ်းသားရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို မြောက်ယမားတံတားအနီး ဒေသခံ ကာကွယ်ရေး တပ် ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို Yinmarbin Local People’s Defense Force၊ Chindwin Galone Yarzar Guerrilla Defense Force၊ Triple Two Task Force၊ Monywa True Of Force၊ Alpha Special Force၊ Salingyi Regional Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြု နိုင်သေးကြာင်း ယင်းမာပင် LPDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းမာပင်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က မိုးကောင်းရွာ၊ အောင်ချမ်းသာရွာ၊ မြရိပ်ရွာ၊ ထန်းတောကြီးရွာနှင့် ဝါးတမ်းရွာများရှိ ပြည်သူပိုင်နေ အိမ်များနှင့် စစ်ရှောင်တဲ များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင် LPDF တပ်ဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ဝက်တိုးရွာအနီး ယနေ့ မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Tanintharyi Defense Force တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုကို ပုလော ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PPDF)နှင့် မဟာမိတ် တပ်ပေါင်းစုတို့က ပူးပေါင်း ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွာနေစဉ်နှင့် ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် ၂၈၅ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ သော်လည်း ကာ ကွယ်ရေး တပ်ဖွဲ့များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – ပုလော ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PPDF) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article