29.6 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေနောက် မျောပါမသွားစေဖို့ ထိန်းကျောင်းနေရပြီး ဓမ္မ နဲ့ အဓမ္မ အားပြိုင်နေချိန်မှာ မှန်ကန်တဲ့ ဓမ္မ တရားဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြည်သူလူထုကို အသိပေးပြောဆိုလိုက်ပါတယ်။
– အဘောင်သား ကျေးရွာအနီးမှာ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုက ရက္ခိုင်တပ်တော်ရဲ့ တပ်ဖွဲ့ဝင် တွေရှိတဲ့နေရာကို ဝင်ရောက်လာတဲ့ အတွက် တိုက်ပွဲဖြစ်ပွားခဲ့ရတာ ဖြစ်တယ်လို့ ရက္ခိုင်တပ်တော်(AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းတောကျေးရွာကို ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၆ နာရီ လောက်ကစပြီး ၊ အကြမ်းဖက် စစ်ကောင်စီ တပ်တွေက မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကို စစ်ဆေးဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ် ဖွဲ့တွေကို မြို့အဝင်ဆိုင်းဘုတ် အနီးမှာ ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၆နာရီဝန်းကျင်လောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article