28 C
Yangon

သမ္မတဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံအမှုဆင်သူ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦးနှင့် မောင်မောင်မြင့် ဘယ်လို လူစားတွေလဲ

Must read

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို မင်းအောင်လှိုင်က ဖမ်း ဆီးပြီးနောက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က စသုံးလုံးဌာနထံသို့ လိမ်လည်လုပ်ကြံအမှုများ တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။

ယင်းသို့ လိမ်လည် အမှုဆင်များလုပ်ဆောင်ရာတွင် စသုံးလုံးဌာနမှ စိုးနောင်ဦးနှင့် မောင်မောင်မြင့်တို့သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည်ဟု လိမ်လည်အမှုဆင်တည်ဆောက်သူမှာ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး ဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးကူညီကယ် ဆယ် ရေးအတွက် အသုံးပြုမည့် ရဟတ်ယာဥ်တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ကို အဂတိမှု ၂ မှုဖြင့် အမှုဆင် လုပ်ကြံရေး ဆောင်ရွက်ခဲ့သူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး မောင်မောင်မြင့် ဖြစ် သည်။

စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး
====================

စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး(အသက် ၅၀ နှစ်) သည် ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှာ မွေးဖွားသူဖြစ်ပြီး မိဘများမှာ ဦးသောင်းရွှေနှင့်ဒေါ်ခင်မြင့်တို့ဖြစ်ကြသည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ဇာတိဖြစ်ပြီး ၁၉၉၀ ခုနှစ်၊ မေလတွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ် စဉ် ၃၆ ကို တက်ရောက်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် စစ်တက္ကသိုလ်ကျောင်းဆင်းပြီး ဒုဗိုလ်ရာထူးဖြင့် စစ်မှု ထမ်းခဲ့သည်။ ၂၀၀၅ ခုနှစ်မှာတော့ ဗိုလ်မှူးဘ၀ အငြိမ်းစားယူပြီး ပြည်ထဲရေးဝန်ကြီးဌာန ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် စသုံးလုံးဌာန၏ ညွှန်ကြားရေးမှူးဖြစ်လာပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်တို့တွင် ပြောင်းရွှေ့တာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာန၊ ရန်ကုန်ရုံးတွင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လိမ်လည် အမှုဆင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်သည်။

စိုးနောင်ဦးသည် ညွှန်ချုပ်မောင်မောင်ကျော် အငြိမ်းစားယူပါက ဒုညွှန်ချုပ်အဖြစ် ရာထူးတိုးရန် အလားအလာကောင်း နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စသုံးလုံးဌာန ညွှန်ကြားရေးမှူး စိုးနောင်ဦးတွင် ဇနီး ဒေါ်နီနီဝင်းမောင်၊ အသက် ၁၇ နှစ်သမီး အေးဝတ်ရည်သန့်၊ အသက် ၁၂ နှစ်အရွယ် မောင်ပြည်သန့်တို့ရှိပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် နေထိုင်ကြသည်။

စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်
========================

မောင်မောင်မြင့်သည် ရှမ်းပြည်နယ်စသုံးလုံးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး အသက် ၆၀ နှစ်ရှိနေပြီဖြစ်ကာ ၁၉၆၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားသူဖြစ်သည်။ မိဘများမှာ ဦးညွှန့်မောင်နှင့် ဒေါ်ခင်ရွှေတို့ဖြစ်ကြသည်။

သတ္တဗေဒ သိပ္ပံဘွဲ့ရတစ်ဦးဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မြန်မာ့ရေလုပ်ငန်းတွင် လက် ထောက် သုတေသနမှူးအဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စသုံးလုံးဌာနသို့ ပြောင်းရွှေ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

စုံစမ်းရေးလက်ထောက်အဖြစ် ရန်ကုန်တိုင်းရုံးတွင် ၁၉၈၉ ခုနှစ် ၁၉၉၀ ခုနှစ်အထိလည်းကောင်း၊ ဒုတိယစုံစမ်းရေးမှူးအဖြစ် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်တွင်လည်းကောင်း ၊ စုံစမ်းရေးမှူးအဖြစ် တနင်္သာရီတိုင်းရုံးတွင် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ လည်းကောင်း၊ ဦးစီးအရာရှိ (စုံစမ်းရေး) အဖြစ် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ အထိလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ နှစ်အထိ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်ဆေးရေးဌာနတွင်လည်းကောင်း၊ ညွှန်ကြားရေးမှူး (ရှမ်းပြည်နယ်ရုံး) အဖြစ် ၂၀၂၀ ခုနှစ်မှ ယနေ့ အထိလည်းကောင်း တာဝန်ယူနေသူဖြစ်သည်။

ဇနီးဖြစ်သူမှာ ဒေါ်မူမူကြည်ဖြစ်ပြီး ၎င်းထက် အသက် ၁ နှစ်ပို၍ ကြီးသူလည်းဖြစ်သည်။

ဓာတ်ပုံ- စသုံးလုံး ညွှန်ချုပ်မောင်မောင်ကျော်နှင့် ညွှန်မှူးများကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article