25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ မီးရထားဘူတာဝင်းအတွင်း ဘောလုံးကစားနေတဲ့ကလေးငယ်တွေကို ရဲတပ်ဖွဲ့ဝင်က မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်က ပစ်ခတ်ရာ အနီးဝန်းကျင်မှာ နွားကျောင်း နေတဲ့ လူငယ် ၁ ဦး ကျည်ထိမှန်သေဆုံးသွားပြီး ပေါင်မှာ ကျည်ထိမှန်တဲ့ ကလေးငယ် ၁ ဦးအပါအဝင် ဆယ်ကျော်သက်ကလေးငယ် ၁၈ ဦးကို ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။

– မြိတ်မြို့ အထက်တန်းကျောင်းမှာ မိုင်းနှစ်လုံး ပေါက်ကွဲမှုမှာ ဒေသခံကာကွယ်ရေးတပ်တွေက ပြုလုပ် ခဲ့တာမဟုတ်ဘဲ စစ်ကောင်စီက အထင်မှားအောင် ဆောင်ရွက်တာသာဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

– မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မေလ ၂၆ ရက်နေ့က PDF ပျောက်ကျားရဲဘော် ၂ ဦးကို စစ်တပ်က ၀ိုင်း ဖမ်းစဉ် အချင်းချင်း ပြန်လည်ပစ်ခတ်မိလို့ အမှတ် ၆၀၈ တပ်က ဒုအရာခံဗိုလ် အောင်မျိုးသူကျည်ထိ သေဆုံးခဲ့ ပါတယ်။
– မကွေးတိုင်း ရေစကြိုမြို့နယ် ဘလဘရွာနားမှာ မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က ကွေ့ထောင့်ရွာသား ကိုသန်းဇော်နဲ့ ကိုသန်းဇော်အောင်တို့ကို အကြမ်းဖက်စစ်တပ်က ဆိုင်ကယ် ၂ ယောက်စီးမှုနဲ့ ပစ်သတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article