33 C
Yangon

ပုလဲ-ဂန့်ဂေါ လမ်းမပေါ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှု စစ်ကား ၄ စီး ပျက်စီပြီး PDF ၁ ဦးကျဆုံး၊ မုံရွာ-အရာတော်လမ်းတွင်လည်း စစ်သားများလိုက်ပါသော အိမ်စီးကား မိုင်းမိပြီး ၄ ဦးခန့်သေဆုံးနိုင်

Must read

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲ-ဂန့်ဂေါ ကားမပေါ်တွင် မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၄ စီး ပျက်စီးသွားကြောင်း၊ စစ်ကောင် စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားကြောင်း ဒေါင်းနက်နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ပုလဲ-ဂန့်ဂေါလမ်းမပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ကုက္ကိုကုန်းရွာနဲ့ မြကုန်း ရွာကြားမှာ ကျွန်တော်တို့ အဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်တာ ။ ကားတွေ ပျက်စီးတယ်။ အထိအခိုက် အသေအပျောက်တော့ မသိရဘူး။ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ ကျွန်တော့် ရဲဘော်ကတော့ ကျဆုံးသွားတယ်” ဟု ဒေါင်းနက်နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ဟိန်းဖြိုးဦး ဖြစ်ပြီး ကျန် တော်လှန်ရေးရဲဘော်များမှာ ဆုတ်ခွာခဲ့ရသည့်အတွက် အကြမ်းဖက်စစ်ကောင်စီ၏ ထိခိုက် ကျဆုံးမှုကို မသိရှိခဲ့ရကြောင်း ဒေါင်းနက် နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့ထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ဂန့်ဂေါဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော် လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ပါဂျဲရိုးကားတစ်စီးတိုက်ခိုက်ခံရပြီး လေးဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း PDF-South Monywa အဖွဲ့ထံမှ သိရှိရသည်။

မေလ ၃၀ရက်နေ့ ည ၉နာရီခွဲခန့်က မုံရွာ – အရာတော် လမ်းမကြီး၊ မြန်မာ့မဏ္ဍိုင်ဆီဆိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးခန့် လိုက်ပါစီးနင်းလာသော ပါဂျဲရိုးကားအား မဟာမိတ်လေးဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်လိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော အိမ်စီးကား ထိုးရပ်သွားပြီး စစ်သားမျာက ကားပေါ်မှဆင်း၍ ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များက လက်နက်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စစ်သားများ ထွက်ပြေး မောင်းပြေးသွားကြကြောင်း ၊ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား လေးဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး အဖွဲ့လေးဖွဲ့လုံးမှ ရဲဘော်များအားလုံး ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း PDF မဟာမိတ်များထံမှသိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article