30 C
Yangon

ပုသိမ်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်

Must read

ရန်ကုန်၊ ဇွန် ၁

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အနောက်မြောက်ဘက် ၉၁ ကီလိုမီတာ(မိုင်အားဖြင့် ၅၇ ဒသမ ၁ မိုင် ) အကွာအဝေးရှိ ပင်လယ်ပြင်ကို ဗဟိုပြု၍ မြန်မာစံတော်ချိန် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၄ မိနစ်အချိန်တွင် ရစ်ချက်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန် USGS ( United States Geological Survey) က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ခံအများစုက ငလျင်လှုပ်မှုကို သိသိသာသာ ခံစားလိုက်ရပြီး ပုသိမ်မြို့ခံများကလည်း ငလျင်လှုပ်မှုကို သိသာစွာ ခံစားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တိုက်ကြီးလှုပ်နေတယ်ထင်တာ။ ခေါင်းများမူးလို့လားပေါ့။ ပြီးမှ ဖေ့ဘုတ်စ်ပေါ်တက်ကြည့်မှ ငလျင်လှုပ်မှန်းသိတာ။ နည်းနည်းကြာတယ်။ ၁ မိနစ်လောက်တော့ ယိမ်းထိုးနေတာပဲ။ သိသာတယ်” ဟု ရန်ကုန်မြို့ အထပ်မြင့် တိုက်တာတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

ပုသိမ်မြို့ခံတစ်ဦးကလည်း ငလျင်လှုပ်မှုကို သိသာစွာ ခံစားရကြောင်း ပြောဆိုသည်။

USGS၏ အဆိုအရ ငလျင်သည် အနက် ၁၀ ကီလိုမီတာ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article