30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန(စသုံးလုံး)ကနေ လက်ရှိမှာ ရာထူးအကြီးဆုံး ဒုညွှန်မှူးကနေ ရာထူးအဆင့်ဆင့်အထိ လူ ၂၀ ကျော် နုတ်ထွက်စာတင်ထားတယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းရရှိပါတယ်။
– ရန်ကုန်မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)ကဦးဆောင်ကာ “မင်းတို့ရှို့တဲ့မီး မင်းတို့ပြန်လောင်စေ” ပြည်သူ့ကျိန်စာစာတန်းကို ဇွန်လ ၁ ရက်နေ့က ဝေဒပညာရှင်တွေ ညွှန်ကြားစီရင်ပေးတဲ့အင်းပြားတွေထည့်ချုပ်ကာ ချိတ်ဆွဲခဲ့ပါတယ်။
– ချင်းပြည်နယ်၊ ဟားခါးဒေသကိုCDF(ဟားခါး) ကောင်စီက ချင်းအမျိုးသားတပ်ဦး (CNF/A)နဲ့ ပူးပေါင်းပြီး ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးတို့ကို တာဝန်ယူဆောင်ရွက်သွားမယ်လို့ CDF(ဟားခါး)ကောင်စီက မေ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
– ရန်ကုန်မြို့လယ်ခေါင် ဘားလမ်းမှတ်တိုင်က ဗုံးကွဲမှုမှာ သေဆုံးခဲ့သူတစ်ဦးကို ဗုံးခွဲသူPDFဖြစ်တယ်လို့ အကြမ်းဖက် ပြောခွင့်ရသူ ဇော်မင်းထွန်းက အပြစ်ပုံချစွတ်စွဲပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article