30.5 C
Yangon

သရက်ချောင်း၊ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို PDF က သိမ်းပိုက်၊ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၊ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို PDF တပ်များက ဇွန်လ ၃ ရက်နေ့ တွင် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးရဲစခန်းကို ပြည်သူ့ကာ ကွယ် ရေးတပ်ပေါင်းစုက ဝင်ရောက်သိမ်းပိုက်ချိန်တွေ ပြန်လှန်ပစ်ခတ်မှုများဖြစ် ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီတပ်သားများက လက်နှက်ကြီးများဖြင့်ပစ်ခတ်ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူအရပ်သား ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

ဇွန်လ ၃ ရက်နေ့ တိုက်ပွဲသည် မွန်းလွဲ ၁၂ နာရီကျော်အချိန်မှ ၂နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီး ခဲ့သောတိုက်ပွဲတွင် အနည်းဆုံး စစ်ကောင်စီတပ်သား ၄ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ ထိ ခိုက်မှုမရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဘက်မှ ရေကြောင်းရော ကုန်းကြောင်းရောပါ စစ်ကူရောက် လာပြီး လက်နက်ကြီးများစွာပစ်ခတ်ကြောင်း၊ သဲချောင်းကြီး၊ ကျွဲခြံ၊ ဝင်းကဖော် အနီး တစ်ဝိုက်မှ ဒေသခံများ နီးစပ်ရာခြံတွေထဲ ရှောင်ပြေးနေကြရပြီး ညဦးပိုင်းမှာတော့ တောင်ပျောက်တိုက်နယ်၊ လမ်းထိပ်ရွာဖြစ်သည့် စုံစင်ဖျားရွာနှင့် သရက်ချောင်းမြို့ပေါ် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်အင်အားဖြည့်မှုများ လုပ်ဆောင်နေကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article