ရန်ကုန်၊ ဇွန် ၄
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘိုတဲကျေးရွာမှ လူငယ်နှစ်ဦးကို စစ်တပ်က ဇွန်လ ၄ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ပစ်သတ်လိုက်ပြီး အလောင်း ပြန်မပေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဘိုတဲကျေးရွာမှ မောင်ဟိန်းဇေယျဖြိုး အသက် ၂၁ နှစ်၊ မောင်းဟိန်းဇေယျဦး အသက် ၂၀ နှစ်တို့ကို စစ်တပ်က ဇွန်လ ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယနေ့တွင် ပုပ္ပားဘက် တောထဲတွင် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ထိုလူငယ် နှစ်ဦး၏ အလောင်းများကို ကျောက်ပန်းတောင်းဆေးရုံသို့ သယ်ယူလာပြီး အလောင်းပြန်ပေးခြင်းလည်းမရှိကြောင်း၊ ယနေ့တွင် စစ်တပ်က အလောင်းနှစ်လောင်းကို မီးသဂြိုလ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
ထို့ပြင် ကျောက်ပန်းတောင်းမြို့နယ်၊လျှော်တောရွာတွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး လင်မယားနှစ်ဦး အသတ်ခံရပြီးနောက် စစ်တပ်က ကျေးရွာအတွင်းဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်ကြောင်း၊ နေအိမ်များအတွင်းတွင် အဖိုး တန်ပစ္စည်းများကို ခိုးယူလုယက်ကြောင်း၊ လျှော်တောရွာတစ်ရွာလုံးနီးပါးမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၊ စစ်ကောင်စီတပ်များက လျှော် တောကျေးရွာမှ ထွက်ပြေးနေသော ရွာသားများကို တွေ့လျှင် ပစ်သတ်မည်ဟု ပြောဆို ကြိမ်းဝါး အမိန့်ပေးထားကြောင်း သိရှိရသည်။