ရန်ကုန်၊ ဇွန် ၁ဝ
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ညောင်လယ်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၅ ဦးကို သံကြိုးဖြင့် ချည်နှောင်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ် PDF – GANGAW – တောင်ပိုင်း တပ်ဖွဲ့ထံမှ သိရသည်။
စစ်တပ်က ရေမျက်နီရွာမှ ဂန့်ဂေါဘက်သို့ စစ်ကြောင်းထိုးလာစဉ် ညောင်လယ်ရွာနှင့် ခေါင်းတုံရွာတို့ကို ဝင်ရောက် စီးနင်းပြီး ညောင်လယ်ရွာမှ ပြည်သူ ၅ ဦးကို နေအိမ် တစ်လုံး၌ သံကြိုများဖြင့် ချည်နှောင်ပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း စစ်ကြောင်းသည် ညောင်လယ်ရွာမှ ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် ခေါင်းတုံရွာမှ ပြည်သူပိုင် နေအိမ် ၅ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်ကားများပေါ် တင်ဆောင်ကာ ယူဆောင်သွားပြီး ၎င်းတို့ မယူဆောင်သော ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း PDF – GANGAW – တောင်ပိုင်း တပ်ဖွဲ့ထံမှ ထုတ်ပြန်ထားသည်။