30 C
Yangon

ဖရူဆိုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇွန် ၁၄

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေ ဆုံးကာ လက်နက်များ သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့ မှ ၁၃ ရက်နေ့အတွင်း ကရင်နီပြည်၊ဖရူဆိုမြို့နယ် ၊ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာတစ်ဝိုက်တွင် KA ၊ KNDF/B-02၊B-04၊B-08၊B-15 ပူးပေါင်းတပ်ရင်းများနှင့် အကြမ်းဖက်စစ်တပ် တို့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တစ်ရက်လျှင် တိုက်ပွဲ ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး ၎င်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး စစ်သားများ ဒဏ်ရာအမြောက်အများရရှိခဲ့ကြကြောင်း ၊ ပူးပေါင်းတပ်များဘက်မှ မစိုးရိမ်ရ ဒဏ်ရာနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထို့ကြောင့် လက်ရှိ ဖရူဆိုမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသောကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပြည်သူများ သွားလာခြင်းမပြုလုပ်ကြပါရန် KNDF က တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article