28 C
Yangon

စစ်ကောင်စီက ရခိုင်ပြည်တွင် နောက်ထပ်စစ်ပွဲ ပြင်ဆင်နေပြီး စစ်တပ်၏ ရန် လိုသော အပြုအမူကို လက်ပိုက်ကြည့်မနေဟု AA က ရာဇသံပေး

Must read

ရန်ကုန်၊ဇွန် ၁၄



အကြမ်းဖက် စစ်ကောင်စီက ငြိမ်းချမ်းနေသည့် ရခိုင်ပြည်တွင် နောက်ထပ်စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေသည့် အနေအထား များကို တွေ့မြင်ရသည်ဟု ရခိုင်တပ်တော်မှ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က သေနတ်သံတိတ်နေသည့်အချိန်တွင် စစ်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ်ပြုလုပ်နေပြီး လက်နက်ကြီးများ ကိုလည်း နေရာတိုင်း တိုးချဲ့ နေကြောင်း ခိုင်သုခကပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ရေတပ်ဘက်ကလည်း စစ်ရေးလှုပ်ရှား မှုများတိုးမြင့်လှုပ်ရှားနေသည့်အပြင် ရခိုင်ပြည်ကမ်းရိုးတန်း များတွင်လည်း ရေငုပ်သင်္ဘောများဖြင့် တိုက်ပွဲများ ဖြစ်လာလျှင်တိုက်ခိုက်မည့်အသွင် ခြိမ်းခြောက်နေကြောင်း၊ လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် တိုက်ပွဲမရှိသည့် အချိန်မခါတွင် ရခိုင်ပြည်သူများကို ငြိမ်းချမ်းရေး အသီးအပွင့်များခံစားခွင့် မပြုဘဲ ပြည်သူများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာ ကုန်သွယ်ကူးသန်း ခွင့်ကို ပိတ်ပင်တားဆီးခြင်း၊ ရခိုင်ပြည်သူ့အစိုးရ၏ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို နည်းမျိုးစုံဖြင့် အနှောင့်အယှက် ပေးခြင်းများ ဆက်လက်လုပ်ဆောင်နေသည်ကြောင်း ခိုင်သုခက ဆိုသည်။

AA အနေဖြင့် တည်ငြိမ်နေသည့် ရခိုင်ပြည်၏ အခြေအနေကို ထိန်းသိမ်းကာ တဖက်တွင်လည်း ပြည်သူလူထု လွတ်လပ်မှု ပိုကောင်းလူမှုဘဝ စီးပွားဘဝများကို လိုလားသည့် အတွက် စစ်ကောင်စီ၏ ရန်လိုသည့် အပြုအမူကို စောင့်ကြည့်နေ ထိန်းသိမ်းနေရကြောင်း အတိုင်းထက် အလွန် ရန်လိုမှု ပြုမူလာရင် ယခုထက်ပိုဆိုးသည့်ဆက်ဆံရေးတစ်ခုကို ရောက်လာနိုင်ကြောင်း၊ စစ်ကောင် စီ၏ ရန်လိုသည့်အပြုအမူသည် ပိုဆိုးလာလျှင်လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ခိုင်သုခက အကြမ်းဖက်စစ်တပ်ကို သတိပေး ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article