30.5 C
Yangon

ပင်းတယမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ကြံ့ဖွတ် အမတ်လောင်းကျော်ငြိမ်း ပစ်ခတ် ခံရပြီးသေဆုံး၊ ပေါင်းတည်၊ ပြည်နှင့် ထားဝယ်တို့တွင် ရာအိမ် မှူးနှင့် စစ်တပ် သတင်း ပေးဟု စွပ်စွဲခံရသူ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၈

ရှမ်းပြည်နယ်၊ ဓနုဒေသတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးပြည်သူ့ စစ် အဖွဲ့ ဖွဲ့ ရန် ကြိုးပမ်းသည့် ကြံ့ဖွတ် အမတ်လောင်း ကျော်ငြိမ်း ယနေ့ ပစ်ခတ် ခံရ ပြီးသေဆုံးသွားကြောင်း သိရှိရသည်။

ယနေ့ဇွန်လ ၁၈ ရက်နေ့ ဓနုဒေသတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ် ဖွဲ့စည်းရန်ငွေကြေးအကုန်အကျခံလူစုစည်းနေသည့် ပင်းတယမြို့ ကြံ့ဖွတ် လွှတ်တော်ကိုယ် စားလှယ်လောင်းနှင့် ဒေသစီမံ အုပ်ချုပ် ရေးကောင်စီ အဖွဲ့ ဝင်ကျော်ငြိမ်းကို ၎င်း၏နေအိမ်တွင် ရှမ်းတောင် အခြေစိုက် ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ က သေနတ်ဖြင့်ပစ်ခတ်ရာ သေ ဆုံးသွားကြောင်း၊ ကျော် ငြိမ်း သည် ပင်းတယမြို့နယ် ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဌဖြစ်ပြီး ၂၀၂၀ ရွေး ကောက်ပွဲ တွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သော အမတ် လောင်း ဖြစ် ကြောင်း သိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့ ညနေ ၅ နာရီ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သပြေကြီးစု ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး မြဟန်ကို သပြေကုန်းကျေးရွာနှင့် ကျီကြး ကုန်းကျေးရွာကြား သပြေကုန်းသုဿာန်အနီးတွင် ပြည်ခရိုင် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပေါင်းတည်PPDF က သတင်းထုတ်ပြန်သည်။

အလားတူ ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ လုံးလကျေးရွာမှ ရာအိမ် မှူး၊ ပျူစောထီး ခေါင်းဆောင် ဖိုးပြားကိုလည်း ပြည်ခရိုင် ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့က မေလ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရှင်းလင်းခဲ့ကြောင်း ပေါင်းတည် PPDF က သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ရွာတွင် စစ်တပ် သတင်း ပေး ဟု စွပ်စွဲခံရသူ ဒေါ်မီးပျိုပျိုကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ရဲဘော်များက ဖမ်းဆီးစစ်ဆေးခဲ့ရာ စစ်တပ် သတင်းပေးလုပ်မှုများ ပေါ်ပေါက်သဖြင့် ရှင်း လင်း လိုက်ကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ကြံ့ဖွတ်အမတ်လောင်း ကျော်ငြိမ်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article