35 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: June, 2022

ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး အမိန့်ချခြင်းနှင့် ပြည်သူ ကို အနိုင်ကျင့် နေခြင်းကြောင့်စစ်တပ်လက်အောက်ခံ တရားရုံးများကို Justice Lady  Mission  စစ်ဆင်ရေးဖြင့် စတင်တိုက်ခိုက် 

ရန်ကုန်၊ ဇွန် ၂၈ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး အမိန့် ချခြင်းနှင့်   ပြည်သူလူထုကို အနိုင်ကျင့် နေခြင်းကြောင့် စစ်တပ် လက် အောက် ခံ တရားရုံးများများကို Justice Lady  Mission  စစ်ဆင်ရေးဖြင့်စတင်တိုက်ခိုက်နေပြီဟု ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ကြေညာသည်။  ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ညပိုင်းတွင် တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ ဒဂုံ အရှေ့  တရားရုံးများကို လက်ပစ်ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။  ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တရားရုံးများကို  စစ်ဆင်ရေး ဖြင့် တိုက်ခိုက် ခဲ့ကြောင်း ပြောဆို ထုတ်ပြန်လိုက်ပြီး   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင် ဆန်း စုကြည် အား မတရားအမှုဆင် ဖမ်းဆီးခြင်းနှင့် ပြည်သူ့ခေါင်း ဆောင် တစ်ဦးကို အကျဉ်းထောင်သို့ ပို့ဆောင်မိန့်ချမှတ်ခြင်း၊  ဥပဒေ ကိုအသုံး ချ၍ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုကို အနိုင်ထက်ပြုကျင့်ခြင်း၊ တော်လှန်ရေးရဲဘော်များအား မတရားအမှုဆင် ဖမ်းဆီးခြင်းနှင့်  ယိုင်နဲ့ နေ သည့် တရားရေးမဏ္ဍိုင်များကို သတိပေးသည့်အနေဖြင့် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမှရန်ကုန်တိုင်းအတွင်းရှိတရားရုံးများကို ဖောက်ခွဲ ခဲ့ကြောင်း ကြေညာသည်။  ထိုသို့ဖောက်ခွဲရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုမရှိစေရန် အလေးထား ဆောင်ရွက်ခဲ့ပြီး  မရမ်းကုန်းတရားရုံး၊ အရှေ့ပိုင်းခရိုင် မြို့နယ် တရားရုံး အရှေ့ဒဂုံ  ၊ တောင်ဥက္ကလာပမြို့နယ် တရားရုံး ၊   အရှေ့ပိုင်းခရိုင် မြို့နယ်တရားရုံး သာကေတမြို့နယ်တို့ကို  Justice Lady  Mission  စစ်ဆင်ရေး အမည်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊  ပျက်စီးဆုံရှုံးမှုနှင့် အချိန်အတိအကျကို လုံခြုံရေး အရ ချန်လှပ်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၊ သတင်း နှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။  ဓာတ်ပုံ- ယမန်နေ့ညပိုင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသော မရမ်း ကုန်း မြို့နယ်တရားရုံး။ (ပုံအဟောင်းဖြစ်သည်။)

ဆားလင်းကြီး၊ တုံရွာသစ်ကို စစ်တပ်က ဝင်စီးပြီး သတ်ဖြတ်သွား‌သော ပြည်သူ ၂ ဦးအလောင်းကို ပြန်ရရှိ၊ အောင်ချမ်းစည်ကျေးရွာမှ လူငယ်တစ်ဦးကိုလည်း စစ်တပ်က သတ်ဖြတ် မြေမြှုပ်သွား 

ရန်ကုန်၊ ဇွန် ၂၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံကျေးရွာသစ်ကို စစ်တပ်က ဇွန်လ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးကျေးရွာသား ကိုပေါက်စနှင့်ကိုကျင်ဝှက် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ဇွန်လ ၂၇ ရက်နေ့တွင် စစ်တပ်က ဖွက်ထားခဲ့ သော အလောင်း ၂ လောင်းကို ပြန်လည်ရရှိ သဂြိုလ်လိုက်ကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။  ဇွန်လ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန် တုံကျေးရွာသစ်၊ ရွှေအိုးကြီး ဘုရား မြောက်ဘက်တွင် အပုတ်နံ့ရရှိ၍ကျေးရွာသူ ကျေးရွာသားများက သွားရောက် စစ်ဆေးရာ  အလောင်း ၂ လောင်း တွေ့ရှိရကြောင်း၊ အလောင်းများကို သေချာ စွာ စစ်ဆေးကြည့်သောအခါ စစ်တပ်က ဖမ်းဆီးခဲ့သော ကျေးရွာသား ကို ပေါက်စ နှင့်ကိုကျင်ဝှက်တို့ဖြစ်သည်ကို စစစ် တွေ့ရှိရကြောင်း၊ ယင်း နောက် လောက်တက်၍ ပျက်စီးနေပြီဖြစ်သော အလောင်း ၂ လောင်းကိုမီးသဂြိုလ် လိုက်ကြောင်း သိရှိရသည်။   "အလောင်းတွေ့ရတယ်။  အလောင်းက၂လောင်း။ လောက်တွေတက်ပြီး ရုပ် ပျက် နေပြီ။ အလောင်းက ကိုပေါက်စနဲ့ ကိုကျင်ဝှက်ပဲ ပျောက်နေတာ ဆို တော့ သူတို့ပဲလို့ အားလုံးက ယူဆကြတာ။ မီးသဂြိုလ်လိုက်ပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။  အလားတူ ဇွန်လ ၂၅ ရက်နေ့  ဆားလင်းကြီးမြို့နယ်၊ အောင်ချမ်းစည် ကျေးရွာ ကိုလည်း  စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ရန်ကုန်မှ လာရောက်သော လူငယ် တစ်ဦးကို ဖုန်းအတွင်း မသင်္ကာစရာတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးသတ်ဖြတ် ခဲ့ပြီး မြေမြုပ်သဂြိုလ်သွားကြောင်း၊ အဆိုပါ လူငယ်မှာ အလည်လာရောက်သူ ဖြစ်၍ ကျေးရွာဘက်ကလည်း နာရေးရှင် မရှိ၍ အရေးတယူ မစုံစမ်းနိုင်တော့ဘဲ အလောင်းမြှုပ်ထားရာ နေရာကိုသာ မှတ်သားထားကြောင်း  သိရှိရသည်။ ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်သွားသော ကိုပေါက်စနှင့်ကိုကျင်ဝှက်တို့ ၂ ဦး ၏ ပျက်စီးနေသော ရုပ်အလောင်းများကို ယမန်နေ့  မီးသဂြိုလ်စဉ်။

မင်းအောင်လှိုင် ဖွဲ့စည်းခိုင်းသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များ နိုင်ငံတစ်ဝန်း ယခု ဇွန်လကုန် အပြီး ဖွဲ့စည်းရန်ပြည်ထဲရေး ညွှန်ကြား 

ရန်ကုန်၊ ဇွန် ၂၈  မြန်မာနိုင်ငံတစ်ဝန်း ပြည်သူ့လုံခြုံရေးအဖွဲ့များကို ယခု ဇွန်လကုန်တွင် အပြီးဖွဲ့ စည်းရန် ပြည်ထဲရေးဝန်ကြီးဌာနကညွှန်ကြားထားကြောင်း သိရှိရသည်။  "ဒီလကုန်မှာ တစ်နိုင်ငံလုံး ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အသင့်ဖြစ်ဖို့ ညွှန်ကြား ချက်ထွက်ထားပါတယ်။ မဖြစ်မနေရှိတဲ့အင်အားနဲ့ ဖွဲ့ဖို့ရှိပါတယ်" ဟု ခရိုင်စစ် ကောင်စီဝင်တစ်ဦးက ပြောသည်။  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် မတ်လ ၃ ရက်နေ့ စစ်ကောင်စီအစည်းအဝေးတွင်မဘသ၊ YMBA ၊ ပြည်သူ့စစ်၊ ရဲ၊ စစ်မှုထမ်း ဟောင်း ၊ ကြက်ခြေနီ၊ မီးသတ် အပါအဝင် စစ်တပ်ထောက် ခံသူများပါဝင် သည့် ပြည်သူ့လုံခြုံရေး အမည်ခံအဖွဲ့များ စမ်းသပ် ဖွဲ့စည်းရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။  ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များ ဖွဲ့စည်းရန် ပါဝင်လာခြင်းဖြစ်ပြီး အဆိုပါ ပြည်သူ့လုံခြုံရေးအမည်ခံ အဖွဲ့များတွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့ စစ် အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ ၊ ဒေသအကျိုး လိုလားသူ(စစ်တပ်ထောက်ခံသူ)၊ အချို့ပါတီများနှင့် YMBA ကဲသို့သော  အသင်းများ (မဘသ ပါဝင်) ပေါင်းစပ်၍ စမ်းသပ်ဖွဲ့စည်းဆောင် ရွက်ညွှန်ကြား ခြင်းဖြစ် ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း မြို့နယ်များရှိ ရပ်ကွက်များတွင်  ပြည်သူ့လုံခြုံရေးအဖွဲ့များကို ဇွန်လ ၂၃ ရက်နေ့နှင့် ဇွန်လ ၂၅ ရက်နေ့ အကြားတွင် အပြီးဖွဲ့စည်းရန်၊ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရာအိမ်မှူး တစ်ဦးက ဒုခေါင်းဆောင်၊ ကျန်ရာအိမ်မှူးများနှင့်စစ်မှုထမ်းဟောင်းများရှိပါက အဖွဲ့ဝင်များ အဖြစ် သတ်မှတ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးများက ညွှန်ကြားထားကြောင်း သိရှိရသည်။  "ရည်ရွယ်ချက်ကရပ်ကွက်ထဲ တစ်ခုခုဖြစ်ရင် အဲဒီအဖွဲ့ တွေကို ရှေ့အရင် ထွက်ခိုင်းမယ်။ မြို့နယ်ရဲတပ်ဖွဲ့ရမှူးရုံးကလည်း အဲဒီအဖွဲ့ တွေက်ိုဇွန်လ ၂၅ရက်နေ့ အပြီးအမြန်ဆုံးဖွဲ့ပြီးဖို့နယ်ထိန်းတွေ ကိုရပ်ကွက်အုပ်ကြီးဆီ  ကွင်းဆင်းစာရင်း အမြန်တောင်းကြတယ်။ အခုတော့ တော်တော်များများ ဖွဲ့ပြီးကုန်ကြပြီ။ အမြန်ဆိုတော့လေ အဖြစ်ဖွဲ့လိုက်ကြတာ။ သင်တန်း ပေးမယ်လည်းပြောတယ်" ဟု ရပ်ကွက် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွင် စိတ်မပါသော်လည်းပါဝင်နေရသူတစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံး အတိုင်း အတာ ဖြင့် ပြည်သူ့စစ် အမည်ခံ အဖွဲ့များ ဖွဲ့စည်းထားသော်လည်း အလုပ် မဖြစ်၍ ထပ်မံ၍ ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ဖြင့် ထပ်မံ၍ စမ်းသပ် ဖွဲ့စည်းရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ကန့်ဘလူမြို.နယ်၊ မှော်တောရွာဘုန်းကြီးကျောင်းမှ မဘသ ဘုန်းကြီး ဝါသဝ ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့များ။
00:07:25

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်မှာ စစ်တပ်ထုတ်ကုန် Adman Gold ဘီယာဖာ ၇၀ ကို PDF တွေက ဖမ်းဆီးဖျက်ဆီး လိုက်တယ်လို SNAKE EYES - PDF က သတင်း...

ကွတ်ခိုင်တွင် စစ်တပ် ကင်းပုန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး၊ မြင်းမူတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး၊

ရန်ကုန်၊ ဇွန် ၂၇ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် ပန်ကိုင် ရွာကြားတွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေး တောင် ကုန်း တစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်သားများကို PDFကာကွယ်ရေး တပ်ဖွဲ့များက...

တောင်ဥက္ကာလာပ၊ မရမ်းကုန်းနှင့် အရှေ့ဒဂုံ တရားရုံးများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ မှော်ဘီတွင် ပစ်ခတ်သံများကြားရ

ရန်ကုန်၊ ဇွန် ၂၇ ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ တောင်ဥက္ကာလာပနှင့် မရမ်းကုန်းမြို့နယ် တရား ရုံး များကို ယနေ့ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ် ပွားပြီး မှော်ဘီတွင်ပစ်ခတ်သံများကြားရကြောင်း ရန်ကုန်မြို့ခံ များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။ ဇွန်လ ၂၇ ရက်နေ့ ည ၇...

မြင်းမူတွင် ကျောင်းသား၊ ပြည်သူများ ဦးဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အင်အားပြည့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၇မြင်းမူမြို့နယ် ကျေးရွာတစ်ရွာတွင် အထက မလဲသာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် မြင်းမူမြို့နယ် လူထု သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဗကသ ကျောင်းသား ခေါင်းဆောင် သခင်ဗဟိန်း ၁၀၅ နှစ်​ပြည့်...

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၇ယင်းမာပင်မြို့နယ် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၇ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၇ယင်းမာပင်မြို့နယ် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img