30 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: June, 2022

00:10:24

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်By ရန်ကုန်ခေတ်သစ်ဒီကနေ့ ဇွန် ၂၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးတွေ ပစ်လွှတ် တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲ ခံရမှုကို...

လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေကျပ် ၃၄၄ သိန်း NUG ချီးမြှင့်

ရန်ကုန်၊ ဇွန် ၂၈ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက် နှင့် တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ် သတ် မှတ်ထားပြီး CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း ၃၄၄ သိန်း...

ပဲခူး၊ သာယာဝတီမြို့ပေါ်တွင် ညကင်းစောင့် စစ်သားအချင်းချင်း ပစ်ခတ် မှု ဖြစ်ပြီး တပ်သားဇင်ကို လည်ပင်းကျည်ဖောက်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရ

ရန်ကုန်၊ ဇွန် ၂၈ ပဲခူးတိုင်း သာယာဝတီမြို့ပေါ် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အထက ၁ ကျောင်း လမ်းဆုံတွင် ယမန်နေ့ ညပိုင်း စစ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ် ပွား ပြီး တပ်သား ဇင်ကို ဆိုသူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း...

မြစ်သား၊ မြင်းခြံ၊ ကြို့ပင်ကောက်နှင့် မြင်းမူတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေး မှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီများ အပါအဝင် ၁၀ ဦး ပစ်ခတ် ခံရ ပြီး သေ ဆုံး

ရန်ကုန်၊ ဇွန် ၂၈ မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကြို့ပင်ကောက်နှင့် မြင်းမူမြို့နယ်တို့တွင် စစ် ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီးအပါအဝင် ၁၀ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ် ရေး တပ်များထံမှ သိရှိရသည်။ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်...

ကလေးမြို့လမ်းဆုံတွင် ‘မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး’ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၂၈စစ်ကိုင်းတိုင်း၊ ကလေးမြို့ လမ်းဆုံတွင် ယနေ့ ဇွန်လ ၂၈ ရက်၌ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ' မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး' ဘန်နာချိတ်ဆွဲကာ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းက ဆန္ဒပြကြသည်။

ရေစကြိုမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော်ဝင်း လိုက်ပါသော ကား ဗုံးပစ်ခံ ရပြီး မြို့မ ရဲစခန်း ရှေ့တွင်လည်း ဗုံးပစ်တိုက်ခိုက်မှုဖြစ်၊ စစ်တပ်နှင့်ရဲက ရမ်းသမ်း ပစ်ခတ် ဆဲဆိုသောင်းကျန်း ဖမ်းဆီးနေ

ရန်ကုန်၊ ဇွန် ၂၈ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်းရှေ့နှင့် ဆက်သွယ်ရေးရုံး အနီးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ကျော် ဝင်း လိုက်ပါလာသော ကား ဗုံးပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ဒေသ သတင်း ရင်းမြစ်များထံမှ သိရှိရသည်။ ဇွန်လ ၂၈ ရက်နေ့ နံနက် ၈...
00:07:27

Khit Thit သတင်းဌာန၏ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၂၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး အမိန့် ချခြင်းနှင့် ပြည်သူ လူထုကို အနိုင်ကျင့်နေတာတွေကြောင့် စစ်ကောင်စီတပ် လက်အောက်ခံ တရားရုံးတွေကို Justice Lady Mission စစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေပြီလို ရန်ကုန်တိုင်း...

လက်ပံတောင်းကြေးနီစီမံကိန်းသို့ ဗုံးများ ပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ် တာဝါတိုင် ဖောက်ခွဲခံရမှု တရုတ်ဝမ်ပေါင်ကုမ္ပဏီ ရှုတ်ချ၊ လက်ရှိ ပဋိပက္ခတွင် ဝမ်ပေါင်က ပါဝင် ပတ်သက်လိုခြင်းမရှိဟုဆို 

ရန်ကုန်၊ ဇွန် ၂၈ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ဗုံးများ ပစ်လွှတ်တိုက်ခိုက်ခံရပြီး လျှပ်စစ်တာဝါတိုင် ဖောက်ခွဲ ခံရမှုကို ရှုတ်ချကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်လိုက်ပြီး လက်ရှိ ပဋိပက္ခတွင် ဝမ်ပေါင်အနေဖြင့် ပါဝင် ပတ်သက်လိုခြင်းမရှိကြောင်း ဝမ်ပေါင် ကုမ္ပဏီက ထုတ်ပြန်ပြောဆိုသည်။  လက်ပံတောင်းတောင်ဒေသရှိ ဝမ်ပေါင် ကုမ္ပဏီ၏ လက်ပံတောင်းစီမံကိန်းတွင် ဗုံးကျရောက်ကာ ဗို့အားမြင့်ဓာတ်အားပြင်းတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံ ရခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း၊ စီမံကိန်းအတွင်းရှိ ဝန်ထမ်းများ အသက် လုံခြုံကို ရေး အလေးမထားခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်တာဝါတိုင် ဖျက်ဆီးခံ ရမှုသည် စီမံကိန်းအနီးအနားဒေသ လျှပ်စစ်ဓာတ်အား ပြတ်တောက် ထိခိုက် စေခြင်းသာ ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီကြေညာချက် ထုတ်ပြန်ခဲ့သည်။  သတ္တုတွင်းထုတ်လုပ်မှုစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ရပ်ဆိုင်းထားပြီး စက်ရုံထိန်းသိမ်းရေး၊ကုမ္ပဏီဝန်ထမ်းများနှင့် စီမံကိန်းပတ် ဝန်းကျင် အကျိုးဖြစ်ရေးသာ ငွေကြေးရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာဝန်ထမ်း အချို့မှာ ၎င်းတို့၏ သဘောဆန္ဒအရ သတ္တုတွင်းဧရိယာတွင် နေထိုင် နေခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကိုတိုက်ခိုက်မှုသည် မြန်မာဝန်ထမ်းများ အတွက် ဝင်ငွေ ဆုံးရှုံးမှု ဖြစ်စေပြီး လျှပ်စစ်တာဝါတိုင်ပျက်စီးမှုကြောင့်စီမံကိန်း အနီးအနားဒေသတစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက် ထိခိုက်စေ သည်ဟု ဝမ်ပေါင်က ဆိုသည်။  လက်ရှိအချိန်တွင် စီမံကိန်းမှာ ၁၆ လကျော်ကြာ ရပ်ဆိုင်းသွားခဲ့ပြီး ဝန်ထမ်း အများစုကို  အခြေခံလစာ ပေးထားကြောင်း၊  တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် လက်ရှိ ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်လိုခြင်းမရှိဘဲ ကျေးရွာများထိခိုက် ဆုံးရှုံး မှု မရှိဘဲ လက်နက်ကိုင်အဖွဲ့များနှင့် လက်နက်မဲ့ အဖွဲ့များအနေဖြင့် စီမံကိန်း ဝန်ထမ်းများကိုအသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေး ဝမ်း ကျောင်း ပြုပိုင် ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ခွင့် လေးစားပေးရန် တောင်းဆို ကြောင်း ဝမ်ပေါင်ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။  တရုတ်ဝမ်ပေါင်နှင့် စစ်တပ်ပိုင် ဦးပိုင်တို့ ပူးပေါင်းဆောင်ရွက်နေသော လက်ပံ တောင်း တောင် ကြေးနီစီမံကိန်းကိုရပ်ဆိုင်းရန်နှင့် စစ်တပ်၊ ရဲများကို ပံ့ပိုး ကူညီ ခြင်းများ မလုပ်ဆောင်ရန် PDF မဟာမိတ်တပ်ပေါင်းစုက တရုတ်ဝမ်ပေါင် ကို သတိပေးခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် လိုက်နာခြင်းမရှိ သည့် အတွက် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆားလင်းကြီး အခြေစိုက် LPDF များ၏ အဆိုအရ သိရှိရသည်။  ဓာတ်ပုံ- လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အတွင်းရှိ ဝန်ထမ်းအိမ်ရာ နှင့်ရုံးများ။

စစ်အာဏာရှင် ချေမှုန်းရေး ၄၇၄ ရက်မြောက် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ 

ရန်ကုန်၊ ဇွန် ၂၈ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် အာဇာနည်သူရဲကောင်း ကိုချမ်းမြေ့ကျော် အပါအဝင် ကျဆုံးရဲဘော်နှစ်ဦးကိုလည်း အလေးပြုရင်း ယနေ့ ဇွန်လ ၂၈ ရက် နံနက်တွင် ၄၇၄ ရက်မြောက်အဖြစ် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုငြိမ်းမောင်ကို စစ်တပ်က ဖမ်းဆီးပြီး သူ၏ လူမှုကွန်ရက်အကောင့်ကိုစစ်တပ်က အသုံးပြုနေ  

ရန်ကုန်၊ဇွန် ၂၈ ပဲခူးတိုင်း၊ တောင်ငူခရိုင် အမြန် လမ်းမ မိုင်တိုင် ၁၈၆ တွင် ဇွန်လ၂၂  ရက်နေ့ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုငြိမ်းမောင်နှင့်အတူ အမျိုးသမီး၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ လူမှုကွန်ရက် Facebook အကောင့် များကို စစ်တပ်က အသုံးပြုလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။ ယင်းသို့ဖမ်းဆီးထားသည့်  သတင်းကို စစ်ကောင်စီမှ မထုတ်ပြန်ဘဲ ၎င်းတို့ အသုံး ပြုသည့် Facebook အကောင့်ကို စစ်ကောင်စီက ဆက်လက် အသုံး ပြုနေသည်ကို တွေ့ရကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များကပြောသည်။ ဖမ်းဆီးခံထားရသူများ၏ လူမှုကွန်ရက်အကောင့်များမှတစ်ဆင့်  ဆက်သွယ် လာလျှင် ပြန်လည်စကားပြောခြင်းမပြုရန်နှင့် ယခင် ပြောထားခဲ့သူများ အနေ ဖြင့်လည်း ရှောင်တိမ်းကြရန်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။  ကိုငြိမ်းနှင့်အဖွဲ့သည် ၁၁၅မိုင်ကနေ အာကာသယာဉ်လိုင်းဖြင့် ခရီးသွားနေစဉ် ၁၈၆မိုင်အရောက် အဖွဲ့စုံမှ ၎င်းတို့စီးလာသည့်ကားကို စစ်ဆေးစဉ် ဖမ်းမိ ခဲ့ ခြင်းဖြစ်ပြီး လတ်တလော တွင် တောင်ငူစစ်ကြောရေးကို ရောက်ရှိ နေပြီးသတင်းမထုတ်ပြန်ဘဲ ၎င်းတို့ကို အတင်းအကျပ်ဖုန်း ဆက်ခိုင်းခြင်း၊ အဖမ်း ခံရသူများ၏ Facebook အကောင့်များကို အသုံးပြုပြီး အခြားသူများကို ဖမ်း ဆီးခြင်းများ ပြုလုပ်လျက်ရှိ နေကြောင်း သိရသည်။ ယင်းအမှုနှင့် ဆက်စပ်၍ မန္တလေးတွင်လည်း လူငယ်တစ်ဦးအဖမ်းခံထားရပြီး နန်းတွင်းစစ်ကြောရေးကို ရောက်ရှိနေကြောင်း သိရသည်။ ယင်းအပြင် ကိုငြိမ်းမောင်တို့ကို တင်ဆောင်လာသည့် အာကာသယာဉ်လိုင်းမှ ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်ကိုလည်း နောက်တစ်ရက်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဓာတ်ပုံ- ဖမ်းဆီးခံရသော ပဲခူး PDF  ကိုငြိမ်းမောင်။

Latest news

- Advertisement -spot_img