ရန်ကုန်၊ ဇူလိုင် ၆
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGFများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO၊ ပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ ၁ လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၄၁၀ ဦး သေဆုံးကာ ၃၃၅ ဦး ဒဏ်ရာရကြာင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။
ဇွန်လအတွင်း နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၇ ဦး ကျဆုံးက ၂၈ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
KNU တပ်မဟာ ၆ နယ်မြေရှိ ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားပြီး အဆိုပါ တိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2022/07/1-86-587x1024.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/2-49-591x1024.jpeg)
![](https://yktnews.com/wp-content/uploads/2022/07/3-41-1024x683.jpeg)