38 C
Yangon

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အင်ဒို၊ တရုတ်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံမည်၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးကိုပါ ထည့်သွင်းဆွေးနွေးမည်

Must read

ရန်ကုန်၊ ဇူလိုင် ၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ဇူလိုင်လ ၆ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken သည် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ ပထမဆုံးသွားရောက်မည်ဖြစ်ပြီး စားနပ်ရိက္ခာနှင့် စွမ်းအင်မလုံခြုံမှု၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုနှင့် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံတကာနှင့် လက်တွဲလုပ်ဆောင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

G20 နိုင်ငံများ ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်း နိုင်ငံခြားရေးဝန်ကြီး Blinken က သွား ရောက်မည်ဖြစ်‌ြီ့း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့နှင့်လည်း တွေ့ဆုံမည်ဖြစ် ကြောင်း၊ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးသည် ဆွေးနွေးမည့် ကိစ္စရပ်များတွင်ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article