37 C
Yangon

ရန်ကုန်၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ပညာရေးမှူးရုံးတွင် “ဗမာပြည်သမိုင်းဟာ ကျောင်းသားအရေးတော်ပုံကစတယ်” စာတန်းချိတ်ဆွဲ

Must read

ရန်ကုန်၊ ဇူလိုင် ၈

ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ကျောင်းသားများ သမဂ္ဂမှ မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် “ဗမာပြည် သမိုင်းဟာ ကျောင်းသားအရေးတော်ပုံကစတယ်” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့သည် နေဝင်းဦးဆောင်သည့် စစ်အုပ်စုက ကျောင်းသား ရာချီ‌ကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တိုင်ပြည့်ခဲ့ပြီး နောက်တစ်နေ့ ၈ ရက်နေ့တွင် ဗမာပြည်လွတ်လပ်ရေးတွင် အရေးပါခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦးကြီးအား မနက်လင်းအားကြီးအချိန်တွင် ဗုံးခွဲဖျက်ဆီးခဲ့လေသည် ထို့ကြောင့် ‌ယနေ့ ၈ရက်နေ့တွင် ၇ ဇူလိုင်ကျောင်းသား အရေးအခင်းကြီးအား ဂုဏ်ပြုသောအားဖြင့် စာတန်းချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သမဂ္ဂထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article