30 C
Yangon

မြဝတီ-ဝေါလေ ကားလမ်းတွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံး၊ လက်နက်များ ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်းတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၂၀၇ နှင့် ကော်ဘရာစစ်ကြောင်းကြား ယမန်နေ့ ဇူလိုင်လ ၇ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း Cobra စစ်ကြောင်းထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂)နှင့် လက်ရုံးတပ်ဖွဲ့များ၊ ဗိုလ်မုတ်သုန် ဦးစီးသော BGF အင်အား (၁၀၀)ခန့် ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြဝတီ – ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန် ကြိုးစားလာခဲ့ကြောင်း၊ ခမရ(၂၀၇) ပါဝင်သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာသို့ ဇူလိုင်လ (၇) ရက်နေ့တွင် ရောက်ရှိလာခဲ့ရာ လုံခြုံရေး ရယူထားသော ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ (၈) ရက် မနက် (၉) နာရီ အချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဆေးမှူး တစ်ဦး အပါအဝင် အလောင်း (၅) လောင်း အတည်ပြုတွေ့ရှိရပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက်သေဆုံး စာရင်းအား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အတည်ပြုနိုင်ရန် စီစစ်ဆဲ ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီထံမှ MA -1 တစ်လက်၊ ၎င်းကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း ကော်ဘရာစစ်ကြောင်း ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် အကြမ်းဖက်စစ်တပ်သည် ယနေ့ ဇူလိုင်(၈) ရက်နေ့ နံနက် (၄)နာရီခွဲ ခန့်အချိန်တွင် လေ့ကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော တောင်ကုန်းတစ်ခုပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း အထိအခိုက်မရှိကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article