ရန်ကုန်၊ ဇူလိုင် ၈
မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးဂုဏ်ရွာသား ကိုဝင်းနိုင်ထွန်းကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၄ ရက်နေ့ ည ၇ နာရီခန့်တွင် ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ပစ်သတ်ခဲ့သော ကိုဝင်းနိုင်ထွန်းသည် ကျေးရွာအတွင်းသို့ စစ်တပ် ဝင်ရောက်လာသောကြောင့် ပုန်းရှောင်ရန် ပြုလုပ်နေစဥ် ဖမ်းဆီး ပစ်သတ် ခံရခြင်းဖြစ်ပြီး ရွာထဲရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူ လုယက်သွားကြောင်း သိရသည်။
” ဇူလိုင် ၂ ရက်နေ့က ရေစကြို ဗြိဘကျေးရွာကို မီးရှို့သွားတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ ဂွေးဂုဏ်ရွာကို ၄ ရက်နေ့ ည ၇ နာရီလောက်မှာ ရောက်လာပြီး သူတို့ ရောက်လာလို့ ရှောင်ပုန်းဖို့ ပြင်ဆင်နေတဲ့ ကိုဝင်းနိုင်ထွန်းကို စစ်ခွေးတွေကို ဖမ်းဆီးပြီး ပစ်သတ်သွားတယ်။ ရွာထဲမှာရှိတဲ့ ပစ္စည်းတွေကိုလည်း သူတို့စိတ်ကြိုက် ခိုးယူ လုယက်သွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးပစ်သတ်မှု ခံလိုက်ရသော ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ရွာသား ကိုဝင်းနိုင်ထွန်း။