25 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်းမှာ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ ခမရ -၂၀၇  နဲ့ ကော်ဘရာ-စစ်ကြောင်း ကြား ဇူလိုင်လ ၇ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးသွားတဲ့အပြင် ၊ လက်နက်ခဲယမ်း အများ အပြား ကို သိမ်းဆည်းရမိခဲ့တယ်လို့ Cobra စစ်ကြောင်းဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်ပိုင်း ၊ တောင်ဖီလာ- လမ်းမကြီး နဲ့ ဝန်ထမ်းအိမ်ယာ လမ်းထောင့် အနီးမှာ အင်အား ၅၀ နီးပါးနဲ့ ခြေလျင်တက်လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို PDF (Kalay) ရဲ့ မိုင်းတပ်ဖွဲ့ကနေ ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ပိုင်းက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်။

– မန္တလေးမြို့ပေါ်မှာ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက လူငယ်တစ်ဦးကို သွေးသောက်အဖွဲ့က  စာသင် ကျောင်း ရှေ့မှာပဲ သတ်ဖြတ်ပြီး အလောင်းမှာ သွေးသောက်တံဆိပ် ကပ်သွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ မန္တလေးမြို့ပေါ် ၊ ၄၀- ၄၁ လမ်းကြား၊ ၈၆လမ်း အမှတ် ၈ အခြေခံပညာ အထက် တန်းကျောင်း-ခွဲရှေ့မှာ လူငယ် တစ်ဦး ပစ်သတ်ခံထားရတဲ့ အလောင်းကို တွေ့ရှိရတာဖြစ်ပြီး ၊ လည်ပင်း မှာ သွေးသောက်အဖွဲ့ စာတန်းချိတ် ဆွဲသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article