ရန်ကုန်၊ ဇူလိုင် ၁၁
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)က ဦးဆောင်ကာ “အနီရောင် လွှမ်းတဲ့ တစ်နေ့ အာဏာရှင်ဆိတ်သုဥ်းခြင်း နိမိတ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပြည်သူလူထုတရပ်လုံး နှင်းဆ်ီနီလို ရဲရဲရင့်ရင့်နဲ့ စစ်အာဏာရှင်တွေကို တညီတညွတ်တည်း တော်လှန်မည်ဆိုပါက အာဏာရူး စစ်ဘီလူးတွေ ဒီမြေပေါ်ကနေ ပျောက်ကွယ်သွားမှာ ဧကန်ပါပဲ။ အဲဒီလှုပ်ရှားမှုမှာ LGBT၊ အခြေခံပညာကျောင်းသူ/သားတွေနဲ့ လူငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ‘ဆိုရှယ်ဒီမိုကရက်တစ်’ စာစဥ်တွေလည်း ဝေငှခဲ့ပါသည်။
နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့နဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်စေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်အတွင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။